မြိုင်

ဒဂုန်တာရာ

800 Kyats ကျပ်
ဆရာကြီးဒဂုန်တာရာရဲ့အမှာစာအရ “မြိုင်”ကို (၁၉၄၉) ခုနှစ်၊ ရှုမဝမဂ္ဂဇင်းမှာ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ် ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ “နိုင်ငံရေးဝတ္ထုမဟုတ်။ အချစ်ဝတ္ထုဖြစ်သည်” ဆိုပြီးလည်း ပြောထားပါသေးတယ်။ မြိုင်ဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကဗျာဆရာနန်းနွယ်နဲ့ပဲ ပေါင်းဖက်ရမလား၊ မေဂျာအောင်ထွန်းနဲ့ပဲ ပေါင်းဖက်ရမလားဆိုတဲ့ စိတ်လှုပ်ရှားစရာအပြင် ဝတ္ထုထဲမှာ ထည့်သွင်းရေးဖွဲ့ထားတဲ့ အနုပညာအပေါ် အမြင်တွေဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဂျပန်မဝင်ခင် ၊ အင်္ဂလိပ်ပြေးခါနီး (၁၉၃၉ - ၁၉၄ဝ) ကိုလိုနီခေတ်ကို နောက်ခံထားတာ တွေ့ရမှာ ဖြစ်ပါတယ်။