မြောက်ဦးခေတ်စစ်ဘုရင် သီရိသုဓမ္မရာဇာ
ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)
500 Kyats ကျပ်
သီရိသုဓမ္မရာဇာ ဘုရင်မင်းမြတ်သည် သာရေး၊ နာရေး၊ ဘာသာရေး
ဆောင်ရွက်နေစဉ် အမှုမဲ့၊ အမှတ်မဲ့နေသူမဟုတ် နိုင်ငံရေး၊ စစ်ရေးကို ရင်ထဲ
ခိုအောင်းနေတတ်သူတစ်ယောက်။
မြောက်ဦးခေတ်၏ ထိတ်ထိတ်ကြဲ စစ်ဘုရင် သီရိဓမ္မရာဇာသည် လက်ရုံးရည်တွင်မက
နှလုံးရည်ပါ ပြည့်စုံထက်မြက်တဲ့ မင်းပျိုမင်းလွင်တစ်ပါး။
မိသားစုဘ၀ကိုလည်း နှစ်သက်မြတ်နိုးတန်းဖိုးထားတတ်ပြီး တိရိစ္ဆာန်များအပေါ်တွင်လည်း
ကြင်နာသနားတတ်သူဖြစ်တယ်။
ကြင်နာယုယတတ်သည့် ဘုရင်ကြီးအပေါ် အခွင့်အရေးယူခဲ့သော မိဖုရားခေါင်ကြီးကြောင့်
"မယားကို ယုံ၍ စုံလုံးကမ်း" ဘ၀သို့ ရောက်ရှိခဲ့ရပုံ။
ဆရာထွန်းရွှေခိုင်(မဟာဝိဇ္ဇာ) ရေးသားထားတဲ့ "မြောက်ဦးခေတ်စစ်ဘုရင်
သီရိသုဓမ္မရာဇာ(အေဒီ၁၆၂၂-၁၆၃၈)" စာအုပ်လေးကို စာချစ်သူများအတွက်
တင်ပေးလိုက်ပါတယ်။
စာချစ်သူများသိချင်၊ဖတ်ချင်တဲ့ စာအုပ်လေးကို ဖတ်ပြီး ပျော်ရွှင်လိမ့်မယ်လို့
ယုံကြည်ရင်း ဦးဦးဖျားဖျား သတင်းပေးလိုက်ပါတယ်ရှင်။