တောနက်ထဲက ရှာမရသော နတ်ရွာကြီး

ထွန်းတောက်

600 Kyats ကျပ်
လယ်ယာ၊ တောတောင်၊ ကိုင်းတော၊ ဥယျာဉ်တောကနေ စိမ့်ကြီးမြိုင်ကြီး ဂနိုင်ကြီးအထိ ဖြတ်သန်း ကျင်လည်ခဲ့ဖူးတဲ့ စာရေးသူဟာ သူ့ရဲ့ ဘဝခရီးလမ်းပေါ်က အံ့သြထူးဆန်းဖွယ် အတွေ့အကြုံ အဖြစ်အပျက်တွေကို ဒီစာအုပ်ထဲမှာ ဝတ္ထုတိုတွေ အဖြစ် တင်ပြထားတာပါ။ ပဲခိုးရိုးမတောနက်၊ ဟိမဝန္တာရဲ့ တောင်လက်မောင်း ဖြစ်တဲ့ ကချင်ပြည်နယ် ရိုးမတောနက် ထဲက တောတွင်း အတွေ့အကြုံတွေမှာ ပျော်စရာ၊ ကြည်နူးစရာ၊ အံ့သြစရာတွေ ပါဝင်သလို တောနက်ကြီးထဲက ရှာမရတဲ့ နတ်ရွာကြီး အပါအဝင် စာရေးသူရဲ့ အကောင်းဆုံး ဝတ္ထုတိုတွေကို ဖတ်ရှု ခံစားကြည့်ကြပါဦး။