ကမ္ဘာကျော်မယ်ထွေးလေးနှင့် ခြောက်ဘဝမိခင်

ထွန်းတောက်

600 Kyats ကျပ်
မယ်ထွေးလေးပုံပြင်ကိုတော့ မြန်မာလူမျိုးအတော်များများ ကလေးဘဝက ကြားဖူးပြီးသား ထင်ပါတယ်။ မယ်ထွေးလေးရဲ့ အကြောင်းပုံပြင်ဟာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ အရပ်ဒေသတိုင်းမှာ မယ်ထွေးလေးရဲ့ ဇာတ်ကြောင်းက အိပ်ရာဝင်ပုံပြင်အဖြစ် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပဲ မယ်ထွေးလေးကို မထွေးလေး၊ မထွေးငယ်၊ မိထွေးလေး၊ မိငယ်လေး စတဲ့ အမည်အမျိုးမျိုးနဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လူကြီးတွေက ကလေးသူငယ်တွေကို လက်ဆင့်ကမ်း ပြောပြခဲ့ကြပါတယ်။ ဒါပေမဲ့ အရပ်ဒေသအလိုက် မယ်ထွေးလေးရဲ့ ဇာတ်လမ်းဟာ အလုံးစုံမတူဘဲ ဇာတ်အိမ် ဇာတ်ကြောင်း အခန်းကဏ္ဍတွေ ကွဲပြားခြားနားမှု အနည်းငယ်တော့ ရှိခဲ့ကြပါတယ်။ တစ်ခုရှိတာက ဇာတ်လမ်းစ သန္ဓေတည်ကတည်းက မယ်ထွေးလေးဇာတ်လမ်းဟာ အိပ်ရာဝင်ပုံပြင်အဖြစ်သာ တည်ရှိလာခဲ့ပုံရပါတယ်။ ဒီ မယ်ထွေးလေးရဲ့ ဇာတ်လမ်းကို ဆရာ ထွန်းတောက်က အိပ်ရာဝင်ပုံပြင်ကနေ ဝတ္ထုဇာတ်လမ်းအဖြစ် ထူးထူခြားခြား ဖန်တီးရေးသားပြီး ‘ကမ္ဘာကျော် မယ်ထွေးလေးနှင့် ခြောက်ဘဝမိခင်’ ဆိုတဲ့ လုံးချင်းဝတ္ထုရှည်အဖြစ် စာဖတ်ပရိသတ်လက်ထဲ ပေးပို့လိုက်ပါပြီ။ ပုံပြင်ကြိုက်သူတွေအနေနဲ့ ပုံပြင်တစ်ပုဒ်အဖြစ်သာမက ရသဝတ္ထုရှည်တစ်ပုဒ်လို ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ အရသာရှိရှိ ဖတ်ရှုကြရမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။ မယ်ထွေးလေးရဲ့ ပုံပြင်ကို ဘယ်လို ထူးခြား ဆန်းသစ်တဲ့ ဇာတ်လမ်းအဖြစ် ဖတ်ရှုရမလဲ ဆိုတာတော့ …