မီးလျှံများကို ဖြတ်ကျော်ခြင်း

ထန်းတပင်စန်းလွင်

600 Kyats ကျပ်
“ဝင်းထွန်းက မိမိထံမှ ရင်းဂစ်ငါးဆယ်ယူပြီး ထွက်သွား၏။ ထို့နေ့က သူဝယ်လာသည်က အအေးသောက်သည့် ပိုက်တံကလေးထဲ ဘိန်းမှုန့်များထည့်ထားသည့် ပိုက်တံကလေးဖြစ်သည်။ ထို တစ်လက်မခန့် ပိုက်တံကလေးထဲက ဘိန်းမှုန့်များကို ရင်းဂစ်နှစ်ဆယ် ပေးရသည်။ ထိုနေ့က ဟန်ပင် မဆောင်နိုင်တော့ဘဲ ဘိန်းကို အငမ်းမရ ရှုလိုက်ကြသည်။ တစ်နေကုန် နေမရထိုင်မရ ဂဏှာမငြိမ်သော စိတ်တို့သည်လည်း ဘိန်းရှုလိုက်ရမှ ငြိမ်သွားသည်။” (စာမြည်း) ဖတ်ညွှန်းတို - ဒီစာအုပ်ထဲဟာ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာလူငယ်များရဲ့ တကယ့် လက်တွေ့ဖြစ်ရပ်တွေကို အခြေခံပြီး ရေးသား ဖော်ထုတ်ထားပါတယ်။ အဆိုပါ မြန်မာလူငယ်တွေအနေနဲ့ တိုင်းတပါးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ မူးယစ်ဆေးဝါး ရိုက်ခတ်မှုနဲ့ စိတ်ဓာတ် ထိခိုက်ပျက်စီးကြပုံတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။