သံတိုင်ကြားကဘဝများ

ထက်မြတ်

800 Kyats ကျပ်
ထောင်အကြောင်းနဲ့ပတ်သက်ပြီး ဆရာကြီးလူထုဦးလှရဲ့ ထောင်စာအုပ်တွေ၊ ဆရာကြီးမြသန်းတင့်ရဲ့ ဖြစ်ရပ်မှန် ထောင်ကျများအကြောင်း၊ ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ ဘာလဲဟဲ့လူ့ငရဲ စာအုပ်တွေဟာ မြန်မာ့စာပေနဲ့ နိုင်ငံရေးမှာ ထင်ရှားပါတယ်။ ဒီဘက်ခေတ်မှာ အခြားသော အကျဉ်းထောင်ဆိုင်ရာ အတွေ့အကြုံဖြတ်သန်းမှုတွေ၊ အကျဉ်းထောင် ပြုပြင်ရေးဆိုင်ရာတွေ စတဲ့ ရေးသားမှုတွေကို အတော်များများလည်း တွေ့လာရပါတယ်။ ဆရာထက်မြက်ရဲ့ အခု သံတိုင်ကြားက ဘဝများ စာအုပ်ကတော့ ယုံကြည်ချက်အတွက် အကျဉ်းကျခံခဲ့ရသူတွေထဲက အချို့ရဲ့ ထောင်တွင်းဘဝ အစိတ်အပိုင်းတွေကို ကိုယ်တွေ့ကြုံရတဲ့ အမှောင်ခေတ် အကျဉ်းထောင် ဖြတ်သန်းမှုတွေနဲ့အတူ ရေးဖွဲ့ထားတာပါ။ ဒါဟာ သမိုင်းဖြစ်သလို၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခါးသီးမှု မှတ်တမ်းလည်းဖြစ်ပါတယ်။ ဆရာထက်မြက်ဟာ အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ အကျဉ်းတိုက်တွေထဲ ခါးသီးမှုကို ကြုံတွေ့ခဲရသလို၊ ရေပတ်လည်ဝိုင်းနေတဲ့ ကိုးကိုးကျွန်းမှာ တစ်ကျွန်းစံအဖြစ်လည်း လူ့အဖြစ်ရဲ့ နာကျည်းစရာ သမိုင်းတစ်ကွေ့ကို ဖြတ်သန်းခဲ့ရသူပါ။ ဒါကြောင့် ဒီစာအုပ်ပါ သံတိုင်ကြားက ဘဝတွေရဲ့ ဖြတ်သန်းမှုကို ဖတ်ရှုရတဲ့အခါ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း အနာဂတ်အတွက် အကျည်းတန် အရုပ်ဆိုးမှုတွေ ထပ်ကျော့ပြန်စေမယ့် အကြောင်းတွေကို နောက်တွန့်သွားစေမယ့်၊ ခုခံကာကွယ်သွားစေမယ့် စိတ်ခွန်အားတွေ မွေးဖွားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။