နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံသော နိုင်ငံရေးသမားများ

ထကျမွကျ

800 Kyats ကျပ်
နိုင်ငံရေးသမားဟာ လောကတွင် အလွန်ရှားပါးသော ရှားပါးကုန်ဖြစ်တယ်။ အလွန်လေးနက်သူလည်း ဖြစ်တယ်။ စွန့်လွှတ်လုပ်ကိုင်သူဆိုလျှင် ထိုလူဟာ မြင့်မြတ်သူဖြစ်တယ်။ စစ်အာဏာရှင်ထက်လည်း သာတယ်။ တက္ကသိုလ်ပါမောက္ခချုပ်ထက်လည်း သာတယ်။ သိပ္ပံပညာရှင် ထက်လည်းသာတယ်။ လူထုအကျိုးရှိဖို့ တိုင်းပြည်တိုးတက်ဖို့အတွက် သူ့ဘ၀နှင့် သူ့အကျိုးစီးပွားကို စွန့်လွှတ်ကာ အနစ်နာခံတတ်သူကသာ နိုင်ငံရေးသမား ပီသကြောင်းကို စာရေးဆရာ ထက်မြက် က "နိုင်ငံရေးသမားများ" စာအုပ်လေးကိုရေးသားထားပါတယ်။ ဒီစာအုပ်လေးဟာ စာချစ်သူများသိချင်တဲ့ အကြောင်းအရာစုံစုံလင်လင် ပါတဲ့အတွက် စာချစ်သူတို့ ဖတ်ပြီး ကိုယ်မသိသေးတဲ့ အချက်အလက်များ သေသေချာချာနားလည်သဘောပေါက်နိုင်တဲ့စာအုပ်ဖြစ်တာကြောင့် ၀န်ဇင်း မှ မိတ်ဆက်ပေးလိုက်ပါတယ်။