တစ်ယောက်တည်း သင့်အောင်နေ

ထက်ကျော်

600 Kyats ကျပ်
တစ်ယောက်နေတော့ တရား၊ နှစ်ယောက်နေတော့ စကား၊ သုံးယောက်နေတော့ အလကား … ဆိုတဲ့ စကားလည်း ရှိပါတယ်။ လောကမှာ လူတွေဟာ အသိုင်းအဝိုင်း အစုအဝေးနဲ့ နေတတ်သူတွေမို့ တစ်ယောက်တည်း နေထိုင်တတ်ဖို့ကတော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ လောကနေနည်းထက် ဓမ္မနေနည်းအရ ကြည့်မယ်ဆိုရင်တော့ တစ်ယောက်တည်း နေထိုင်မှုက ပိုပြီး အကျိုးရှိစေပါတယ်။ လူဟာ ကိုယ့်စိတ်နဲ့ကိုယ်တောင် ထပ်တူမကျ၊ မသင့်မမြတ် ဖြစ်တတ်တဲ့ သဘာဝ ရှိတဲ့အတွက် ဓမ္မဆိုင်ရာ ကျင့်ကြံမှုမှာတော့ တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် သင့်မြတ်အောင် နေထိုင်တတ်ဖို့ ပိုအရေးကြီးကြောင်း၊ ဒီဆောင်းပါးစာစု စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် စာမျက်နှာတွေမှာ ဆရာထက်ကျော် ရေးသားထားတဲ့ ဘဝနေနည်း ဆောင်းပါးတွေကို စုစည်းပြီး ‘တစ်ယောက်တည်း သင့်အောင်နေ’ ဆိုပြီး စာဖတ်သူတွေလက်ထဲ ပေးပို့ထားတဲ့ ဆောင်းပါးစု စာအုပ်ပါပဲ။ လူမှုဘဝ၊ နေ့စဉ်ဖြတ်သန်းမှုမှာ လူသားတွေအတွက် အကျိုးရှိစေမယ့် ဘဝနေထိုင်ဖြတ်သန်းနည်း လမ်းညွှန်ဆောင်းပါးတွေမို့ ဖတ်ရှုကျင့်သုံးသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ်။