မြတ်ဆရာ

တုနှိုင်းမဲ့(သစ္စာ)

300 Kyats ကျပ်
ဆရာ။ ပါဠိဘာသာ ‘ဆာယာ’ (အရိပ်) ကနေ ဆင်းသက်လာတဲ့ ဆရာ ဆိုတဲ့ အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆရာ။ လူတိုင်းမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆိုတဲ့ ဆရာတစ်မျိုးမျိုး၊ တစ်ယောက်ယောက်တော့ အနည်းဆုံး ရှိကြမှာပါ။ အတော်များများကတော့ ဆရာတွေ အများကြီးဆီက ပညာအမျိုးမျိုး သင်ယူခဲ့ကြဖူးမှာပါ။ ‘ဆရာ မပြ ငပိဖုတ်တောင် နည်းမကျ’ ဆိုသလိုပဲ၊ လူတွေဟာ မွေးရာပါ တတ်မြောက်လာတဲ့ ပါရမီအစွမ်း မရှိကြသူတွေမို့ လူရယ်လို့ ဖြစ်လာတဲ့အခါ လူ့လောကထဲ ရှင်သန်ရပ်တည်နိုင်ဖို့၊ အသိပညာ၊ အတတ်ပညာတွေကို သင်ယူကြတဲ့အခါ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီကနေ လက်ဆင့်ကမ်း ဆည်းပူးကြရပါတယ်။ ဒီလို … ကျေးဇူးကြီးလှတဲ့ ကျေးဇူးရှင်ဆရာ၊ မြတ်ဆရာအကြောင်း ရေးသားထားတဲ့ ပညာပေးဝတ္ထုတိုလေးတွေကို ဖတ်ရှုခံစားကြည့်ပါဦး စာချစ်သူများ ခင်ဗျ။