နန်းကျော့ရှင်နှင့် လူသားစားချောင်း

တုနှိုင်းမဲ့(သစ္စာ)

200 Kyats ကျပ်
အဲဒီရွာကလေးက တောရွာ ဆိုပေလည်း မြို့နဲ့ အလှမ်း မဝေးတာမို့ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ မြို့ကို သွားနိုင်တဲ့ ရွာတစ်ရွာပါ။ ရွာရဲ့ ချောင်းရိုးကိုလည်း သိပ်မကြာခင်ကမှ တံတားဆောက်လုပ်ပြီးစီးထားတာကြောင့် လမ်းပန်းဆက်သွယ်မှု ပိုမြန်၊ ပိုကောင်းလာပါတယ်။ အဲဒီရွာက မိုးမိကုန်း ဆိုတဲ့အတိုင်း ခဏခဏ မိုးရွာတတ်တာကတော့ ထူးခြားမှုပါပဲ။ ပါးစပ် ရာဇဝင်တွေအရ ဘုရားရှင်လက်ထက်က အဖြစ်အပျက်တွေနဲ့ ပတ်သက်နေတဲ့ ရာဇဝင်ရှိတယ်လို့လည်း ဆိုကြပါတယ်။ အရင်ကတော့ မိုးမိကုန်းရွာလေးဟာ သာယာအေးချမ်းပြီး နေချင်စရာ ရွာကလေးပါပဲ။ ဒါပေမဲ့ … လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စပြီး ဆိုးရွားတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တယ်။ ကပ်ဆိုက်တယ်လို့ပဲ ဆိုရမလားပဲ။ ချောင်းစပ်မှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို သေလာတဲ့အခါ အရင်က စည်ကားတဲ့ရွာဟာ အခုဆိုရင် လူမနေရဲတော့ဘဲ ခြောက်ကပ်ခဲ့ပါတော့တယ်။ ကဲ … ဒီပြဿနာကို ဆရာမနန်းကျော့ရှင်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ။