ကျတ်ကုန်းရွာ

တုနှိုင်းမဲ့(သစ္စာ)

200 Kyats ကျပ်
ကျတ်မြေ၊ ကျတ်ရွာဆိုတာ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ ပရလောကသားတွေရဲ့ ဌာနဘုံတစ်ခုပါပဲ။ တချို့ညတွေမှာ ကျတ်တွေဟာ ဝတ်ကောင်းစားလှတွေဝတ်၊ ပွဲလမ်းသဘင် အပျော်အပါးကျင်းပ၊ ဒါမှမဟုတ် လူတွေကို လှည့်စား၊ စကားလာပြော၊ ဆေးဆရာ လာပင့်၊ စတဲ့ အပြုအမူတွေ လုပ်လေ့ရှိတယ်ဆိုတာ ကြားဖူးခဲ့ကြပါတယ်။ ငယ်ဘဝရဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ကျတ်တွေရဲ့ ထူးခြားတဲ့ ဓလေ့တွေအကြောင်း နားထောင်ခဲ့ကြရပါတယ်။ အခု စာချစ်သူတို့ကို မိတ်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း ပရလောကနောက်ခံ အဖြစ်အပျက်တစ်ခုအကြောင်း ပုံဖော်ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ ကျတ်ကုန်းရွာတဲ့။ ဆရာဝန်တစ်ဦးဖြစ်တဲ့ ကိုဒီပနဲ့ ကိုဒီပရဲ့ တပည့်ဖြစ်သူ နေသွေးတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ခရီးစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကျတ်တွေအကြောင်း၊ နေသွေးကို ချစ်ခင်စွဲလမ်းသွားတဲ့ ကျတ်မိန်းမပျိုလေးရဲ့ ဝေဒနာ၊ စတဲ့ စတဲ့ ဖြစ်ရပ်တွေက စာဖတ်သူတွေကို ချောက်ချားမှု၊ ဝမ်းနည်းမှု၊ စိတ်မကောင်းမှု၊ လွမ်းဆွေးမှု ရသတွေ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။