သက်မဲ့နှလုံးသား

တုနှိုင်းမဲ့(သစ္စာ)

200 Kyats ကျပ်
အစွဲအလမ်း။ အစွဲအလမ်းဟာ ထုထည်အင်အား ကြီးမားလာတဲ့အခါ လူတွေကို ဒုက္ခပေးတတ်တဲ့ အရာပါ။ အစွဲအလမ်းကြောင့်ပဲ သတ္တဝါတွေဟာ သံသရာလည်နေကြတယ်။ သံသရာရှည်နေကြတယ်။ ဒီအစွဲအလမ်းတွေကြောင့်ပဲ သမုဒယသစ္စာအရင်းတည်ပြီး ဒုက္ခသစ္စာကြွင်းတတ်တဲ့ လောကထဲ ကျွန်တော်တို့ အားလုံး တဝဲလည်လည်ပေါ့။ အခု စာချစ်သူတို့ကို မိတ်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကလည်း အစွဲအလမ်းကြောင့်ပဲ ဒုက္ခတွေ့ခဲ့ရတဲ့ လူတွေအကြောင်း၊ အသည်းနှလုံးတွေအကြောင်းပါ။ မိဘနဲ့ သားသမီးဖြစ်ဖြစ်၊ သူငယ်ချင်းတွေဖြစ်ဖြစ်၊ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ဖြစ်၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေကြောင့်ဖြစ်ဖြစ်၊ အစွဲအလမ်းကြီးမိရင်၊ စွဲလမ်းစိတ်နဲ့ သေသွားခဲ့ရင်၊ မကျွတ်မလွတ်ဘဲ ပရလောကနယ်မှာ ဒုက္ခတွေ့ကြရတတ်တယ် မဟုတ်လား။ သင်္ကန်းကိုစွဲလို့ သန်းပြိတ္တာဖြစ်ခဲ့တဲ့ ရဟန်းတစ်ပါးအကြောင်းတောင် ဘုရားဟောထဲမှာ ရှိသေးတာပဲ။ လူသားတွေအနေနဲ့ ချစ်သူကို စွဲလမ်းစိတ်နဲ့ သေဆုံးတဲ့အခါ ဘယ်လို ဝမ်းနည်းစရာ၊ သံဝေဂရစရာ အဖြစ်မျိုးတွေ ကြုံရတတ်သလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဖတ်ကြရမှာပါ။