မိုးမခနှင့် သစ္စာရောင်ပြန်အပါအဝင် ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုများ

တိမ်လှိုင်း(အောင်လံ)

800 Kyats ကျပ်
ရိုးမတောစပ် ရွာကလေးတစ်ရွာက မိုးမခဆိုတဲ့ လူရွယ်လေးတစ်ယောက်။ တောထဲဝါးခုတ်သွားရင်း ခရီးသွား အဘိုးအိုတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဘိုးအိုဟာ မိုးမခဆီ ရေတောင်းတဲ့အတွက် မိုးမခလည်း အဘိုးအိုကို ရေနဲ့ အစားအစာတွေ တိုက်ကျွေးခဲ့တယ်။ ဒီအခါ အဘိုးအိုက မိုးမခကို ကျေးဇူးဆပ်တဲ့အနေနဲ့ အရုပ်ကလေးတစ်ရုပ် ပေးခဲ့တယ်။ ဒီအရုပ်ကလေးကို ရပြီးနောက်မှာ မိုးမခဟာ ထူးခြားမှုတစ်ခုခု ဖြစ်တော့မယ်ဆိုတာကို အိပ်မက်လိုလို ကြိုသိနိုင်တဲ့ အစွမ်းမျိုး စတင် ပိုင်ဆိုင်လာခဲ့တယ်။ တောထဲ ဝါးခုတ်ရာက ပြန်မယ့်ညမှာ မိခင်ရဲ့ ခေါ်သံလိုလို ကြားတာကြောင့်၊ မိုးခမဟာ မနက်မိုးလင်းတာနဲ့ ရွာကို အပြေးပြန်လာခဲ့ချိန်မှာ သေလုမျောပါး ဝေဒနာခံစားနေရတဲ့ မိခင်ကြီးက ဆီးကြိုနေပါပြီ။ အဲ့ဒီနောက်ပိုင်း မိခင်ကြီး ဆုံးသွားတဲ့အခါ မိုးမခဟာ ဂန္ဓာရီပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ပြီး အဘိုးကြီးနဲ့အတူ ရိုးမတောထဲလိုက်ပါလို့ လောကီထွက်ရပ်ပေါက် ပညာတွေကို သင်ကြားခဲ့ပါတော့တယ်။ ပညာစုံသွားတဲ့ မိုးမခတစ်ယောက် လူ့ရွာဒေသအနှံ့ လှည့်လည်ပြီး မကောင်းသူပယ်၊ ကောင်းသူကယ်ရင်း အောက်လမ်းနဲ့ မကောင်းဆိုးဝါးအတတ်တွေ၊ စုန်းကဝေ၊ နတ်ကတော်၊ မိစ္ဆာ၊ သရဲတွေကို ဘယ်လို နှိမ်နှင်းပညာပေးမလဲဆိုတာကို တစ်ပုဒ်ချင်း တစ်ခန်းချင်းအလိုက် စိတ်ဝင်တစားနဲ့ ဖတ်ရှုကြရမှာပါ။