မိုးမခနှင့် လူသတ်သစ်ပင်

တိမ်လှိုင်း(အောင်လံ)

200 Kyats ကျပ်
အစောင့်အရှောက် အစီအရင်လုပ်တဲ့ အောက်လမ်းပညာတွေကို ကြားဖူးကြမယ်ပေါ့။ ကိုယ့်စိုက်ခင်း ယာခင်းထဲက အသီးအနှံတွေကို တခြားလူတွေ ခိုးယူစားသောက်လို့ မရအောင် စီရင်တဲ့ အစီအရင်မျိုး။ ဥပမာ စိုက်ခင်းထဲက သစ်ပင်တစ်ပင်ကို ကြက်သွေးလောင်းပြီး ပညာနဲ့ အစောင့်အရှောက် ထားတာမျိုးပေါ့။ စိုက်ခင်းပိုင်ရှင် လင်မယားကလွဲရင် တခြား ဘယ်သူမှ ခူးယူလို့ မရဘူး။ ခူးယူမိတဲ့သူ ဒုက္ခလှလှ တွေ့ပြီပဲ။ ဒီဇာတ်လမ်းမှာလည်း ဦးထွန်းလူတို့ လင်မယားရဲ့ စိုက်ခင်းကို အခြားသူတွေ လာခူးယူ ခိုးယူလို့ မရအောင် အောက်လမ်းပညာနဲ့ အစောင့်အရှောက် မွေးလိုက်မိတဲ့အခါ ဘယ်လို ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲ၊ ဒီအဖြစ်အပျက်တွေကို မိုးမခတစ်ယောက် ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာကို ဖတ်ရှုခံစားလိုက်ရအောင် ခင်ဗျ။