ခေါင်းပြတ်တောင်စောင့် မဖဲဝါ

တာတေ

500 Kyats ကျပ်
တာတေနဲ့ မဖဲဝါရဲ့ အတွဲဇာတ်လမ်းတွေကို ဖတ်ဖူးကြရင် ဒီဇာတ်လမ်းကိုလည်း မလွဲမသွေ ကြိုက်ကြဦးမှာ သေချာပါတယ်။ ဆရာတာတေရဲ့ အဓိကဇာတ်ကောင် တာတေနဲ့ မဖဲဝါတို့က ဒီဇာတ်လမ်းမှာ ဘယ်လို တွဲဖက်ပါဝင်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ခေါင်းပြတ်တောင်တဲ့။ နာမည်ကြားကတည်းက လန့်စရာ။ သုဿာန်စောင့် မဖဲဝါက ဒီဇာတ်လမ်းမှာတော့ ခေါင်းပြတ်တောင်စောင့် မဖဲဝါအဖြစ် ပါဝင်လာပြန်တယ်။ တာတေနဲ့ ကိုကြီးစိန်သောင်းတို့ သုတေသနခရီး၊ တောကြီးမျက်မည်းထဲ ရောက်ခဲ့ကြတဲ့ ဒီခရီးကြမ်းမှာ ဦးတည်မိခဲ့တာက ခေါင်းပြတ်တောင်။ တောထဲ ညအိပ်ဖြစ်တဲ့ ပထမဆုံးညမှာပဲ ထိတ်လန့်ချောက်ချားစရာတွေက တာတေနဲ့ ကိုကြီးစိန်သောင်းဆီ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ပါတော့တယ်။ ရှေးခေတ် နန်းဝတ်နန်းစားတွေ၊ ဓားလှံလေးမြားတွေနဲ့ လူတစ်စု။ ညောင်ပင်ထဲက ထွက်လာတဲ့ ခေါင်းပြတ်သရဲ … ကဲ ဒီဇာတ်လမ်း ဘယ်လိုတွေများ စာဖတ်သူကို ချောက်ချားမှုတွေ၊ ထိတ်လန့်စရာရသတွေ ပေးမလဲဆိုတာ ကိုယ်တိုင် ခံစားကြည့်စေချင်ပါတယ်။