သင်္ချိုင်းရှင်မ မဖဲဝါ

တာတေ

500 Kyats ကျပ်
တချို့အောက်လမ်းဆရာတွေက ခြေဖဝါးမှာပါ ဘုရားပုံထိုးထားလေ့ရှိတယ်လို့ ပြောကြတယ်။ အခုလည်း အောက်လမ်းလောကမှာ နာမည်ကြီး၊ ခြေဖဝါးမှာ ဘုရားပုံထိုးထားတဲ့ အောက်လမ်းဆရာ ပန္နဝနဲ့ သင်္ချိုင်းရှင်မ မဖဲဝါတို့ ပညာပြိုင်ကြတဲ့ အကြောင်းရေးထားတာ။ ဇာတ်လမ်းထဲမှာ တာတေက ကျောင်းသားဘဝပဲ ရှိသေးတယ်။ ဘထစ်က အမြင်ဖွင့်ပေးမှ နာနာဘာဝတွေကို မြင်ရတဲ့အရွယ်။ ထုံးစံအတိုင်း တာတေတို့ စပ်စပ်စုစုလုပ်ပြီး ခိုးကြည့်လို့ အောက်လမ်းဆရာရဲ့ တိုက်နွားနဲ့ မဖဲဝါရဲ့ခွေးကြီး တိုက်ခိုက်ကြတာကို မြင်ကြတာ။ စာအုပ်ထဲမှာ တိုက်နွားလုပ်နည်းကအစ အသေးစိတ်ရေးထားတော့ ဖတ်ရတာ မပျင်းရတော့ဘူးဗျို့!