စုန်းကိုး မှော်ကိုး ကဝေကိုး

တာတေ

500 Kyats ကျပ်
လပြည့်ညသန်းခေါင်နဲ့ လကွယ်ည သန်းခေါင်မှာ မန္တာန်ရွတ်ပြီး ကြောင်နှလုံးကို ထုတ်၊ ပြီးတော့ ခြေသည်း၊ လက်သည်း၊ မျက်စိတွေပါ မည်းနေရမယ့် တောကြောင်နက်ကြီးကို တစ်လနှစ်ကြိမ် အကောင်တစ်ရာပြည့်အောင် ကျွေးပြီး ပြုလုပ်ရတဲ့ ကြောင်တစ်ရာဗိုလ် အစီအရင်အကြောင်း။ အဲဒီအစီအရင်ပြီးသွားရင် ဓားပြီး၊ လှံပြီး၊ သေနတ်ပြီးတဲ့ အထိ အစွမ်းထက်တယ်၊ ငှက်ပျောရွက်ပေါ်တောင် တက်ထိုင်နိုင်အောင် အစွမ်းရှိတယ်ဆိုတဲ့ အထိ နာမည်ကြီးတဲ့ ကြောင်တစ်ရာဗိုလ် အစီအရင်ကို စမ်းသပ်ခဲ့ကြတဲ့အခါမှာ ဘယ်လိုမျိုး ထူးခြားတဲ့ အရာတွေကို တွေ့ကြုံရမလဲ ? တကယ်ရော ဓားပြီး၊ လှံပြီး၊ သေနတ်ပြီးတဲ့ အစွမ်းမျိုး ရသွားမှာလား? ဆိုတာ...။