ကဝေဆယ်နှစ်ကြိုး

တာတေ

500 Kyats ကျပ်
‘တာတေ’ ဆို သိတဲ့အတိုင်းပဲ။ တော်တော်မွှေတဲ့လူ။ ပရလောကထဲ ဝင်လိုက်။ ဂမ္ဘီရလောကထဲ ဝင်လိုက်။ ပြီးတော့ မဖဲဝါနဲ့ သူငယ်ချင်း ဖြစ်လိုက်။ ဟို တစ္ဆေနဲ့ တွေ့လိုက် ဒီ တစ္ဆေနဲ့ တွေ့လိုက်နဲ့။ မသိရင် ပရလောကဆိုတာ သူ့ရဲ့ ကစားကွင်းကျနေတာပဲ။ အခု ဒီစာအုပ်ကိုပဲ ကြည့်။ ဆရာကြီး ဆိုင်းနွံဖ ပေးလိုက်တဲ့ နာနာဘာဝ မြင်နိုင်တဲ့ ‘မျက်ကွင်းဆေး’ ရတဲ့ အချိန်က စပြီး တာတေ တယောက် ဒီလောကထဲကို ရောက်လာတာပဲ။ ‘ကဝေဆယ့်နှစ်ကြိုး’ ဆိုတဲ့ ဒီ ဇာတ်လမ်း စပုံကတော့ ဆရာနွံဖက တာတေတို့ ထနောင်းကုန်းကို တခေါက် ပြန်ရောက်လာရာကနေ ဖြစ်ပျက်သွားတာ။ အဲ့ဒါက၊ ခုလို ဘယ်လောက် ခေတ်မီ တိုးတက်တဲ့ ခေတ်ကို ရောက်နေပါစေ၊ အင်မတိ အင်မတန် ရှေးကျတဲ့ ကဝေပညာကြီးက ရှင်သန်နေတဲ့ ကိစ္စပဲ။ ကဲ၊ ဘယ်လိုမျိး ကဝေပညာရပ်ကြီး ဖြစ်မလဲ။ တာတေ တယောက် ကဝေတောထဲ ဘယ်လို မွှေဦးမလဲ။ ဖတ်သာကြည့်ပါတော့ဗျာ။