မထိကန်သာ ရေကြည်ရှာခဲ့

တင့်ဆွေ (ဖျာပုံ)

800 Kyats ကျပ်
စာရေးသူက မိတ္ထိလာ အတွင်း သွားရောက်ခဲ့တဲ့ ခရီးများကို ပြန်လည်စုပေါင်းကာ ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။ မသိသေးတဲ့ သမိုင်းနောက်ခံများ၊ မကြားမိသေးတဲ့ သမိုင်းမြှုပ်ကွက်များ၊မိတ္ထီလာမြို့အကြောင်း၊ မိတ္ထီလာမြို့မှ မိတ်ဆွေများအကြောင်း၊ မိတ္ထီလာတပ်နယ်မှ တပ်များ၊ တပ်မှူးများအကြောင်း၊ မိတ္ထီလာတိုက်ပွဲနှင့် သာစည်တိုက်ပွဲအကြောင်း၊ အထူးသဖြင့် မိတ္ထီလာကန်တော်ကြီးအကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေက ဓလေ့ထုံးစံနဲ့ သမိုင်းကြောင်းများကို စာရေးဆရာ တင့်ဆွေ (ဖျာပုံ)က " မထိကန်သာ ရေကြည်ရှာခဲ့ "ဆိုတဲ့ သမိုင်းဆောင်းပါးစာအုပ်လေးမှာ ဓာတ်ပုံများနှင့်တကွ ဖတ်ရှုနိုင်ပါတယ်။ စာချစ်ပရိသတ်တို့ အကြိုက်တွေ့စေနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်သောကြောင့် ၀န်ဇင်းမှာ တင်ပြလိုက်ပါတယ်ရှင်။