ဗုဒၶါနႆတိ ၾကီးကုိးၾကီး

တက္ကသိုလ်တင်ဟန်ကျေ

600 Kyats ကျပ်
ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကောင်းမှုကုသိုလ် အကျိုးအလိုငှာ လောကုတ္တရာလုပ်ငန်းတွေဖြစ်တဲ့ ဗုဒ္ဓတရားတော်များကို ပွားများခြင်း၊ ဆောက်တည်ခြင်းတို့ကို လုပ်ကြစမြဲ ဖြစ်ပါတယ်။ အဲဒီလို လောကုတ္တရာအလုပ်ကို အားထုတ်ရင်း တပါ တည်းမှာပဲ ကုသိုလ်အဖို့ရဲ့ အကျိုးပေးမှုကြောင့် လောကီချမ်းသာများကိုလည်း မကြောင့်မကြ ရလာတတ်ကြပါတယ်။ ဆရာတက္ကသိုလ်ထင်ဟန်ကျော် ရေးသားတဲ့ ယခုစာအုပ်ဟာ လောကုတ္တရာအလုပ်ကို အားထုတ်ရင်း လောကီချမ်း သာကိုပါ ရရှိစေတဲ့ ဗုဒ္ဓနုဿတိ ကြီးကိုးကြီး အဓိဋ္ဌာန်ကျင့်စဉ်နဲ့ ဖြစ်ရပ်ဆန်းကြယ် ဂမ္ဘီရဆန်ဆန် ကိုယ်တွေ့ဖြစ်ရပ်တွေကို ဖော်ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်း ပွားများခြင်းနဲ့ ကြီးကိုးကြီး အဓိဋ္ဌာန်ကျင့်စဉ်ကို အနည်းဆုံး ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ ဒီစာအုပ်မှာတော့ လက်တွေ့လုပ်ကိုင်တတ်အောင် ကျင့်စဉ်သဘောသဘာဝကို တိတိကျကျရေးသား ဖော်ပြထားသလို၊ ကိုယ်တွေ့ ဖြစ်ထွန်းပေါက်မြောက်သူများကိုလည်း တွေ့ဆုံမေးမြန်းဖော်ပြထားတာကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးချမ်းသာကို ရရှိစေမှာပါ။