နဂါးနိုင်ဓား စာစဉ်-၁

တက္ကသိုလ်နေလင်းအောင်

700 Kyats ကျပ်
မကြာမီက ဆုံးပါးသွားတဲ့ သိုင်းဝတ္ထုစာရေးဆရာကြီး ကျင့်ယုံအတွက် နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေ အပါအဝင် ထင်ရှားကျော်ကြားသူ အများအပြားက ဂုဏ်ပြုအမှတ်တရစကားတွေ ဝေဆာခဲ့ကြသလို၊ ကမ္ဘာ့မီဒီယာများက လည်း ကျင့်ယုံရဲ့ သေဆုံးမှုကို တခမ်းတနားဖော်ပြခဲ့ကြပါတယ်။ သိုင်းဝတ္ထု စာရေးဆရာတစ်ယောက်ကို ကမ္ဘာနဲ့ တစ်လွှား အုတ်အော်သောင်းနင်း ဂရုထားကြတာက ထူးဆန်းတယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ မထူးဆန်းကြပါနဲ့။ ဆရာကြီးကျင့်ယုံရဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီ၊ သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတာတွေကနေ ရေးသားခဲ့သမျှ သိုင်းဝတ္ထုတိုင်းဟာ ကမ္ဘာ့စာပေမှာ ဂန္တဝင်တွင်ရစ်ခဲ့တဲ့ ဝတ္ထုများဖြစ်ပါတယ်။ ဒီအထဲမှမှာ နဂါးနိုင်ဓားဟာ ဆရာကြီးရဲ့ မာစတာပိစ်လက်ရာလို့ ဆိုရပါမယ်။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီ၊ သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား ဒီဇာတ်လမ်းရှည်ကြီး သုံးခုဟာ တစ်ခုနဲ့ တစ်ခုဆက်စပ်နေသလို သီးခြားဆီလည်း လူထုကို ဆွဲဆောင်နိုင်စွမ်းရှိတာက ရုပ်ရှင်ဇာတ်လမ်းတွဲတွေ အနေနဲ့ရော၊ အခန်းဆက် ဝတ္ထုရှည်ကြီးတွေ အနေနဲ့ပါ ဟိုးဟိုး ကျော် အောင်မြင်ခဲ့တာ သက်သေပါ။ နဂါးနိုင်ဓားနဲ့ ပတ်သက်ရင် အထူးညွှန်းစရာ လိုမယ်မထင်ပါဘူး။ “ကျန်းဝူကျိ”ဆိုတဲ့ ဇာတ်ကောင်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် နဂါးနိုင်လက်ဝါးသိုင်း၊ နဂါးနိုင်ဓား၊ တိမ်လွှာဓား စတာတွေဟာ စာရေးသူရဲ့ အတွေးထဲမှာတော့ ငယ်စဉ်က အိမ်မက်ထဲတောင် ထည့်မက်ရတဲ့ စွဲလမ်းမှုကို သတိရမိနေပါ။