ဥပါဒါန်ကျိန်စာနှင့် အနှိုင်းမဲ့မိခင်မေတ္တာ

တက္ကသိုလ်နေမင်း

500 Kyats ကျပ်
လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းမှာ လစဉ်ဆက်တိုက် အခန်းဆက်အဖြစ် ရေးသားဖော်ပြခဲ့တဲ့ ဝတ္ထု။ အခန်းဆက် မဂ္ဂဇင်းဝတ္ထုရှည်အဖြစ် စာဖတ်ပရိသတ်တွေ တသသ စောင့်ဖတ်ခဲ့ရတဲ့ ဂမ္ဘီရဆန်းကြယ် ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။ ‘ရွှေမြင်းမိုရ် ပြိုသောနေ့’ ဆိုတဲ့အမည်နဲ့ အခန်းဆက် ရေးသားခဲ့တဲ့ ဝတ္ထုကို ယခုအခါမှာ လုံးချင်းအဖြစ်နဲ့ စာချစ်သူတို့ ဖတ်ကြရပါပြီ။ တကယ်တော့ ဒီဇာတ်လမ်းက ဂမ္ဘီရနောက်ခံဆိုပေမဲ့ မိဘမေတ္တာဘွဲ့ ဝတ္ထုမျိုးလည်း ဖြစ်ပါတယ်။ ရွှေမြင်းမိုရ် ပြိုပြီးနောက်မှာ အံ့ထူးတစ်ယောက် ဘယ်လို ဘဝခရီးကို ဆက်လျှောက်မလဲ၊ သားအပေါ် အစွဲအလမ်းကြီးတဲ့ မိခင်ကြီးရဲ့ ဥပါဒါန်၊ တမလွန်ဘဝကနေ သားကို လိုက်ပါစောင့်ရှောက်နေဆဲ မိခင်မေတ္တာ၊ နှစ်ပေါင်းများစွာ မြွေသားကို အဆက်မပြတ်စားခဲ့တဲ့ အံ့ထူးဆိုတဲ့ လူတစ်ယောက်၊ မြွေတွေရဲ့ အငြိုး၊ စတဲ့ စတဲ့ စိတ်ဝင်စားစရာ၊ သတိသံဝေဂယူစရာ အဖြစ်အပျက်တွေကို ရသစုံစုံလင်လင် ဖတ်ရှုကြရမယ့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။