အချစ်နှင့်စစ်၏ အစွန်းလွတ်ရာ

တက္ကသိုလ်နေမင်း

600 Kyats ကျပ်
ဝတ္ထုတိုကိုမှ အချစ် အလွမ်းမဟုတ်ပဲ ဘာသာရေးနဲ့ ဆက်နွယ်တာမျိုးကိုမှ ဖတ်ချင်တဲ့ စာချစ်သူတွေ ကြိုက်နှစ်သက်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေပါ ရစေမယ့်အပြင် ဝတ္ထုတိုကပေးတဲ့ ရသကိုပါ ခံစားရစေမှာပါ။ အမိုက်မနှင့် သမာဓိရှင်၊ အမေ့အပြုံး အမုန်းကျိန်စာ၊ စုန်ရေ၊ အို…ဘယ့်အလှူရှင်၊ အန္တရာယ်ခပင်း ရန်တွေကင်းစေ၊ မသေခင် မှာခဲ့ပါရစေ၊ ငရဲပြည်အပြန်လမ်း၊ ဘိဇ္ဇန အလွမ်း၊ သင်္ကန်းမြတ်နှင့် မအပ်သည့်အရာ၊ သံယောဇဉ် နွယ်မတင်းရအောင် ပယ်စာရင်း သွင်းလိုက်တော့မည်၊ ချစ်လိုလျက်နှင့် ဝေးလေပြီ၊ အရိပ်စစ်၊ အချစ်နှင့်စစ်၏ အစွန်းလွတ်ရာ၊ ကျွတ်စေ လွတ်စေ အမျှဝေမည်၊ သေခြင်း ရှင်ခြင်းနှင့် ရှင်သေမင်း၊ ဆန်းကြယ်ထူးခြား အဘိုးအိုများ စတဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုခံစားရမှာပါ။