မီးခိုးရောင်ကြွင်းတဲ့ ညဥ့်ဦးယံ

ဏီလင်းညို ၊ ရွှေအိမ်စည်မေ

600 Kyats ကျပ်
“ ‘မီးခိုးရောင်ကြွင်းတဲ့ ညဥ့်ဦးယံ’ ဝတ္ထုတိုများထဲမှ ဝတ္ထုတိုတချို့မှာ စာဖတ်သူ၏ နှလုံးသားထဲတွင် စွဲမြဲနေရာယူသွားကြမည့် ဝတ္ထုများဖြစ်ကြောင်း ပီတိစကား ဆိုချင်ပါသည် ” - ခင်မြဇင် ဏီလင်းညိုနှင့် ရွှေအိမ်စည်မေတို့၏ ‘မီးခိုးရောင်ကြွင်းတဲ့ ညဥ့်ဦးယံ’ ဝတ္ထုတိုများကို ဖတ်ရခိုက် ကျွန်မရင်ထဲမှာ ပီတိဖြစ်မိပါသည်။ ရေးအားကောင်းသော လူငယ် (၂) ယောက်၏ ဝတ္ထုတိုလက်ရာကောင်းများကို ဖတ်ရသဖြင့်ပါ။ ဝတ္ထုတို တစ်ပုဒ်ချင်းကပေးသည့် လူ့ဘဝအပေါ် အမြင်နှင့် လူငယ်တို့၏ ခံစားမှုကို ဖတ်ရင်း ထိုသို့သော လူငယ်စာရေးဆရာများ ရှိနေသဖြင့် ရသစာပေ ကျရှုံးသွားပြီ၊ ရသစာပေကို အရင်ကလို ဒီနေ့ခေတ် လူငယ်တွေ ရေးနိုင်စွမ်း မရှိကြဘူးဆိုသည့် အယူအဆတချို့ကို ကျွန်မ လက်မခံနိုင်ပါ။ ယနေ့ခေတ် လူငယ်တွေမှာ ရေးစရာ မဂ္ဂဇင်း ရှားပါးပေမယ့် Online မဂ္ဂဇင်းတွေမှာ ရေးခွင့်ရကြသည်။ ဏီလင်းညိုနှင့် ရွှေအိမ်စည်မေတို့မှာ Online မဂ္ဂဇင်းတွေမှာ ရေးကြသလို၊ ပုံနှိပ်စာမျက်နှာတွေ ပေါ်မှာလည်း ရေးအားရှိကြသည်။ သူတို့မှာ လတ်ဆတ်သော ခံစားမှုနှင့်အတူ ရေးနိုင်စွမ်းအားတွေ ရှိကြသည်။ (စာရေးဆရာမ ခင်မြဇင်၏ အမှာစာ ကောက်နုတ်ချက်)