နတ္စီတဲ့ အိမ္မက္ဆိုတာ.....

ဏီလင်းညို

600 Kyats ကျပ်
ပုံနှိပ်စာမျက်နှာများပေါ်မှာသာမက အွန်လိုင်းမှာပါ ရေးအားကောင်းသလို၊ ရိုးရိုးရှင်းရှင်း ဝါကျနဲ့ လူငယ်တွေရဲ့ ရင်ဘတ်ထဲက ဘဝတွေကို ထုဆစ်ဖွဲ့နွဲ့တတ်တဲ့ ဆရာဏီလင်းညိုရဲ့ လက်ရာတွေကို ဝန်ဇင်းစာချစ်သူတွေ ကြိုက်မှာ သေချာပါတယ်။ ဝတ္ထုတိုလေးတွေနဲ့ ရသထိထိမိမိပေးတတ်တဲ့ ဆရာဏီလင်းညိုဟာ အခုဝတ္ထုရှည်မှာလည်း သူ့ဟန်ပန်အတိုင်း စာဖတ်သူတို့ကို အရေးရှင်းရှင်းနဲ့ လူငယ်တွေအကြောင်း ပြောပြထားတာပါ။ ငယ်စဉ်ကတည်း အမေဖြစ်သူရဲ့ဆန္ဒအတိုင်း နေထိုင်ကြီးပြင်းခဲ့ရတဲ့သူတစ်ယောက်။ သူ့ဝါသနာက အမေဖြစ်သူရဲ့ အမုန်းဆုံးအရာ ဖြစ်နေတယ်။ တစ်သက်လုံး အေးချမ်းလုံခြုံခဲ့တဲ့ မိဘအရိပ်ကို ခွာပြီး ကိုယ် ယုံကြည်ရာလမ်းအတွက် ဘဝကို ရဲရဲဝံ့ဝံ့လျှောက်လမ်းပုံကို အဓိကထားပြီး ဖွဲ့နွဲ့ထားတဲ့ ဒီဝတ္ထုဟာ စာဖတ်သူ လူငယ်တို့အတွက် အားဆေးတစ် ခွက်လည်း ဖြစ်ပါလိမ့်မယ်။ မိဘမေတ္တာ၊ ချစ်ခြင်းတရား၊ ဝါသနာ၊ ရည်ရွယ်ချက်၊ လူငယ်တစ်ယောက်ရဲ့ ယုံကြည်ချက်ဘဝ လမ်း စတာတွေက စာဖတ်သူကို ရသမျိုးစုံ ပေးစွမ်းပါလိမ့်မယ်။