ခိုလႈံရာရင္ခြင္က အမ်ွေဝေပးပါ ခ်စ္သူ

ညီလေးငယ်

200 Kyats ကျပ်
‘ကိုယ်မရှိတော့ရင် မငိုပါနဲ့ ချစ်သူရယ်။ ဘဝသစ်တစ်ခုမှာ ရှင်သန်ပါ။ အနာဂတ်တစ်ခုကို ကောင်းမွန်စွာ မွေးဖွားပါ။ အချစ်သစ်ရှာဖွေပြီး ပိုနွေးထွေးတဲ့ ရင်ခွင်မှာ ခိုလှုံပါ။ တကယ်လို့ ကိုယ်ဟာ အချစ်ကြောင့် မကျွတ်လွတ်သူဖြစ်ခဲ့ရင်လည်း ခိုလှုံရာရင်ခွင်ကနေ အမျှဝေပေးပါ ချစ်သူ’ လို့ အစပျိုးထားတဲ့ ဒီစာအုပ်က လွမ်းမောစရာဝေဒနာခံစားမှုတွေ ပြည့်နေမယ်မှန်းတော့ ရိပ်မိမယ် ထင်ပါတယ်။ အချစ်ကြီးတဲ့ လူတစ်ယောက်၊ အချစ်အတွက်၊ ချစ်သူမိန်းကလေးအတွက်၊ သူငယ်ချင်းနဲ့ ရန်သူဖြစ်ပြီး ပြဿနာတက်ကြရာက လက်လွန်သွားမိတဲ့ အဖြစ်။ သူ့အချစ်က ပေါ့ပျက်ပျက် မဟုတ်ဘူး။ သေးသေးကွေးကွေး မဟုတ်ဘူး။ ဖြစ်ရင်တွဲ၊ လစ်ရင်ဆွဲမယ်ဆိုတဲ့ ရရစားစား ဝါးဝါးမျိုမျို သဘောမျိုး မဟုတ်ဘူး။ အဆီကိုစား အသားကိုမျိုမယ့် ကြောင်အိုမျက်မှေးလို သွေးသားဆန္ဒအတွက် မဟုတ်ဘူး။ ချစ်သူအတွက်ဆိုရင် စကြဝဠာတိုက်တစ်သောင်းက နတ်ဆိုးအပေါင်းကိုတောင် လက်ခမောင်းခတ် စိန်ခေါ်ရင်ဆိုင်ရဲတဲ့ အာဂအချစ်မျိုးနဲ့ ချစ်ခဲ့တဲ့ လူတစ်ယောက်။ အချစ်အတွက် အသည်းနှလုံးအပြင် အသက်ကိုရော၊ ဘဝကိုပါ ပုံအပ်ပေးထားတဲ့ ဂန္ထဝင်အချစ်သမားတစ်ယောက်ရဲ့ ကြီးမားတဲ့ ချစ်ခြင်း။ ဒီလို အစွဲကြီးတဲ့ ချစ်တတ်သူတစ်ယောက်ရဲ့ အချစ်ခံစားမှုတွေကို ပရလောကနဲ့ ချိတ်ဆက်ပြီး ဖန်တီးထားတဲ့ ဒီဇာတ်လမ်းက စာချစ်သူတို့ရဲ့ နှလုံးသားကို ထိရှခံစားမှုတွေ ပေးနိုင်မယ် ထင်ပါတယ်။