မျပိဳပါနဲ့ အခ်စ္အိမ္ကေလး

ဇွဲယွန်းနောင်

600 Kyats ကျပ်
...“ကိုယ်တကယ်ချစ်မြတ်နိုးပြီး သဘောကျနေတဲ့လူက ကိုယ့်ကိုသဘောကျလာတာ အကြောင်းမဟုတ်ပါဘူး။ ကိုယ်စိတ်မဝင်စားတဲ့လူ သဘောကျလာတာကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ် …” “ရှင်က အဲဒီ MD ဆိုတာကို သဘောမကျဘူးပေါ့ … ရှင်ပြောတော့ ချောတယ်ဆို …” “လူတစ်ယောက်ကို ချစ်နိုင်တယ် မချစ်နိုင်ဘူးဆိုတာ သူ့ရဲ့ရုပ်ရည်ပေါ်မှာချည်းပဲ မူတည်မနေ ပါဘူး … အခု ကျွန်မရဲ့ရင်ထဲ … နှလုံးသားထဲမှာ မောင်ပဲရှိနေပါတယ် … မောင်ကလွဲရင် ဘယ်သူတွေ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ ကျွန်မစိတ်မဝင်စားဘူး …” “အချစ်ဆိုတာ တစ်ခါတစ်ရံမှာ အရမ်းရိုးသားလွန်းနေရင် မကောင်းဘူး ပိုးသား … ကိုယ်ပဲ ခံစားရတတ်တယ် …” “မောင့်အပေါ် ကျွန်မ ရိုးရိုးသားသားပဲချစ်ချင်တယ် ချစ်နိုး။ အဲဒီအတွက် ရလဒ်တွေကို ကျွန်မ လိပ်ပြာသန့်တယ် … ဘာကိုမှမမှုဘူး …”