ခ်စ္ဝတ္ရံု

ဇူး

800 Kyats ကျပ်
...“ဖုန်းမကိုင်တော့ စိတ်ပူတယ်။ မနက် ကိုယ်ဝင်ခေါ်မယ် စောင့်နေပေးပါ။ ချစ်တယ် ကိုယ့်ရဲ့ ကလေးလေး Good Night” ဆိုသည့် မက်ဆေ့ခ်ျကြောင့် အနည်းငယ် ပြုံးမိသွားသည်။ ဒီလောက်ထိပဲ လူကို ရူးအောင် ချစ်ပြရသလား လူကြီးရယ်။ ကြိုး … ဖုန်းလေး ပိတ်ကာ ရေချိုးခန်းထဲ ထွက်လာလိုက်သည်။ “ငါ့ရင်ဘတ်ထဲက စစ်ကို ဆွဲထုတ်သွားရင်... တစ်နေ့ နောင်တရစေရမယ် ရွှေကြိုး။ ပြီးတော့ ထပ်ပြီး မမလို့ မခေါ်နဲ့ ... မင်းနဲ့ ငါက သွေးနီးနေတဲ့သူတွေမဟုတ်လို့ မခေါ်နဲ့ … ရွံတယ်” ရွံတယ်တဲ့လား မမရယ်။ ငယ်ကတည်းက မမသိပ်မုန်းတဲ့ရွှေကြိုး ဖြစ်ခဲ့ပြီးပါပြီ။ ခုရော ဦးလေးကြီးအတွက် ရွံတယ်တဲ့လား။ ကြိုးနှလုံးသားလေးအတွက် ဦးလေးကြီးကိုတော့ လိုအပ်တယ်။ ရူးအောင် ချစ်နေမိပြီ … ကြိုး ရုန်းထွက်ဖို့ ခွန်အားမဲ့နေပြီ။