စင်ကာပူကို တည်ထောင်ခဲ့သော လီကွမ်ယု

ဇင်မျိုး(မြန်မာပြန်)

600 Kyats ကျပ်
စင်ကာပူနိုင်ငံအကြောင်းပြောရင် ချန်လှပ်မရတဲ့ နာမည်တစ်ခု။ စင်ကာပူနိုင်ငံသမိုင်းရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦး။ အကျင့်ပျက် ခြစားမှုတွေ ပေါများလွန်းတဲ့ စင်ကာပူကို ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံအဖြစ် တည့်မတ်တည်ထောင်ခဲ့သူ။ စင်ကာပူနိုင်ငံကို အာဏာရှင်တစ်ဦးလို အုပ်ချုပ်သွားခဲ့ပေမဲ့ သယံဇာတအရင်းအမြစ်မရှိ၊ သောက်သုံးရေတောင် အလုံအလောက်မရှိတဲ့ နိုင်ငံကနေ အခြားနိုင်ငံတွေကပါ အတုယူကြရတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စင်ကာပူအဖြစ် တည်ဆောက်ပေးခဲ့သူ ခေါင်းဆောင်ကြီး လီကွမ်ယု။ စည်းကမ်းကျနပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံအဖြစ်၊ ကမ္ဘာ့အလယ်မှာ ယနေ့တိုင် ထည်ဝါစွာ ရပ်တည်နေနိုင်တဲ့ စင်ကာပူရဲ့ အတိတ်ဟောင်းတွေနဲ့အတူ ဒီလို ပြုပြင်ပြောင်းလဲပေးခဲ့သူ လီကွမ်ယုရဲ့ ငယ်ဘဝကနေ စပြီး ကွယ်လွန်ချိန်အထိ လုပ်ဆောင်ခဲ့သမျှတွေကို ဒီစာအုပ်မှာ အသေးစိတ် ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။