ရွင္သန္ရာဘ၀ထဲမွာ ရသဝတၳဳတိုမ်ား

ဆူးသစ်နီ

600 Kyats ကျပ်
အချိန်များများ ပေးစရာမလိုဘဲ တစ်ပုဒ်ဖတ်လိုက်၊ နားပြီး နောက်မှ တစ်ပုဒ်ထပ်ဖတ်လိုက်နဲ့၊ အရသာရှိရှိ ရသဝတ္ထုတို ကောင်းကောင်းလေးတွေ ဖတ်ချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ရှုသင့်ပါတယ်။ ဘဝဇာတ်ခုံ အဖုံဖုံပေါ်မှာ ဇာတ်ဆရာအလိုကျ ရှင်သန်ကပြရင်း ပျော်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုခြင်း၊ ရယ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ချမ်းသာခြင်း စတဲ့ ခံစားမှု အစုံအလင်နဲ့ ဘဝလူသားတွေရဲ့ အဖြစ်အပျက်တွေကို ရသဝတ္ထုတွေအဖြစ် ဖန်တီးပုံဖော်ထားတဲ့ စာအုပ်တစ်အုပ်။ ထိမိတဲ့ အတွေး၊ လတ်ဆတ်တဲ့ အရေးအဖွဲ့၊ လှပတဲ့ အတတ်ပညာတို့နဲ့ စာရေးခြင်းအနုပညာကို ပေါင်းစပ်လိုက်တဲ့အခါ စာရေးဆရာရဲ့ ကလောင်ဖျားမှာ ထောင်ကြွားပွင့်လန်းလာတဲ့ ရသပန်းပွင့်တွေက အရောင်အသွေး အစုံအလင်ပါပဲ။