ဘာလီကျွန်းတစ်ခေါက်နှင့် မလေးရှားသို့ အလည်အပတ်ခရီး

ဆူးသစ်နီ

600 Kyats ကျပ်
ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာတစ်ဦးလည်းဖြစ်သူ ဆူးသစ်နီရဲ့ ဒီစာအုပ်ဟာ စာဖတ်သူကို မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကို ခေါ်သွားပါလိမ့်မယ်။ တစ်ခုက အင်ဒိုနီးရှား၊ နောက်တစ်နိုင်ငံက မလေးရှား။ အင်ဒိုနီးရှားရဲ့ နတ်ပြည် ဒါမှမဟုတ် အာရှရဲ့ သုခဘုံလို့ ဆိုရမယ့် ဘာလီကျွန်းကို သွားတဲ့ခရီး ၊ ဒီခရီးကို ရန်ကုန်က စထွက်တာကစလို့ ဟိုရောက်တဲ့အထိ ခရီးစဉ်တစ်လျှောက်ကို သေသေချာချာ ပြောပြထားတယ်။ ဘာလီရောက်တဲ့အခါမှာလည်း ဘာလီကျွန်းသမိုင်း ၊ ကျွန်းသူကျွန်းသားတွေရဲ့ ဘာသာရေးကိုးကွယ်မှု၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအကြောင်း စတာတွေကိုလည်း ရှင်းပြပေးထားလို့ စာအုပ်ဖတ်ရတာ အားရကျေနပ်စရာပါပဲ။ ဒါ့အပြင် နောက်တစ်နေရာဖြစ်တဲ့ မလေးရှားကို သွားတဲ့အခါမှာလည်း စာဖတ်နေရင်း ကိုယ်ပါ ကွာလာလမ်ပူ ရောက်သွားသလို ခံစားရလိမ့်မယ်။ ကွာလာလမ်ပူရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ အထူးနေရာတွေကိုလည်း ပြောပြထားတယ်။ ကဲ .. စာဖတ်သူဟာ ခရီးသွားချစ်သူ ၊ ခရီးထွက်ဖို့ စိတ်ဝင်စားသူဆိုရင်တော့ ဒီစာအုပ်ကို ဖတ်ရှုထားသင့်ပါတယ်လို့ ဆိုပါရစေ။