အချစ်၏အောင်မြင်ကျော်ကြား လူကြောက်များသောအရည်ချင်း

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
"ကိုယ်ချစ်တဲ့ ယောက်ျားကို မိန်းမတွေ လက်ထပ်ဖြစ်တာထက်၊ ကိုယ်လက်ထပ်လိုက်တဲ့ ယောက်ျားကို ချစ်ကြတာက ပိုများတယ်" ဆိုတဲ့ တေးသီရဲ့ အချစ်အယူအဆ။ တေးသီမှာ သူမြတ်ဆိုတဲ့ ချစ်သူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ တေးသီက သူမြတ်ရဲ့ နေပုံထိုင်ပုံကို သိပ်သဘောမကျဘူး။ သူတို့ နီးစပ်ခဲ့ကြတာကလည်း မိဘတွေကြောင့်လို့ ပြောရင် ပိုမှန်မှာပါ။ တစ်နေ့မှာ သူမြတ်ရဲ့ သူငယ်ချင်း လွန်ဆိုတဲ့ကောင်လေး ရန်ကုန်ရောက်လာခဲ့ချိန် သူမြတ်ကို ဖုန်းခေါ်တဲ့ တေးသီနဲ့ လွန်တို့ စကားပြောဖြစ်ခဲ့ကြတယ်။ ဇာတ်လမ်းက အဲဒီမှာ စတော့တာပါပဲ။ ဘယ်လို အရှုပ်အထွေးတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့...