သူ ... မင်းကို ... တကယ်ချစ်ရင်

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
အကြီးအကျယ် ဝမ်းသာစရာအကြောင်းတစ်ခုကြောင့် ရေးချယ်ဆိုတဲ့ ကောင်မလေး ပျော်နေတယ်။ ရေးချယ်က နယ်ကနေ ရန်ကုန်တက်လာပြီး အလုပ်တစ်ခု ရဖို့အတွက် အမျိုးမျိုး ကြိုးစားနေခဲ့တာ ကြာပြီ။ အဲဒီနေ့မှာတော့ အိမ်နဲ့ သိပ်မဝေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပြီလေ။ ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာတဲ့ ရေးချယ်ဟာ လမ်းမှာ ကားတစ်စီးနဲ့ ပွတ်မိသလို ဖြစ်သွားခဲ့တယ်။ ကားပေါ်က ဆင်းလာတဲ့ အမျိုးသားဟာ ယဉ်ကျေးပျူငှာပြီး နှစ်လိုစရာပါပဲ။ ရေးချယ်ကိုလည်း အကူအညီပေးသေးတယ်။ ဒါပေမဲ့ ကားပေါ်မှာ ထိုင်ပြီး ကြည့်နေတဲ့ အမျိုးသမီးကတော့ စိတ်ရှုပ်ဟန်တွေအပြည့်။ ဒီလိုနဲ့ ရေးချယ်တစ်ယောက် အာမခံကုမ္ပဏီမှာ အလုပ်ဝင်ပြီးတဲ့နောက်မှာ သူမဘဝအတွက် အရေးပါလာမယ့် ယောက်ျားတစ်ယောက်နဲ့ ပတ်သက်မိလာခဲ့ပါတယ်။ ဒီနောက် … ဒီနောက် …