ချစ်သူတို့၏ အခမ်းနားဆုံးအရာ

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
'မတွေးဘဲ ရောက်လာတတ်တဲ့ နင့်အကြောင်း အဓိပ္ပာယ်ကို ရှာဖွေကြည့်တော့ အချစ်ဆိုတဲ့အရာ စာလုံးနှစ်လုံးသာ ရှိပေလို့ပဲနော်။ နှင်းဆီတွေလို ပွင့်လာတတ်တဲ့ နင့်နှုတ်ခမ်းပါးလေးအကြောင်း စဉ်းစားမိတိုင်း၊ မျှော်လင့်ခြင်းဆိုတဲ့ စကားလုံးက ရင်ထဲကို ရောက်လာတယ်။ နင်ဟာ ငါ့ရဲ့ မူပိုင်ဗီးနပ်စ်ပါ သက်ပန်' ဆိုတဲ့ မြစ်မင်းဧရာရဲ့ ကဗျာ။ 'တကယ်ပါ၊ ငါ့အိပ်ရာဘေးက ဝက်ဝံရုပ်ကြီးကတောင် ချစ်သူအကြောင်းတွေ လာလာမရောင်းနဲ့။ နားငြီးတယ်တဲ့။ မျက်ဝန်းလေးတစ်စုံက အိပ်မက်ထဲအထိ လိုက်နှောက်ယှက်တတ်တာ အချစ်လို့ခေါ်သလား မြစ်မင်းရယ်' ဆိုတဲ့ မေသက်ပန်ရဲ့ ကဗျာ။ 'ဘဝရဲ့ အစက လွဲချော်ခြင်းတွေ (ငါ့အတွက်လို့) ဖန်ဆင်းခဲ့လေသလားတော့မသိ။ မေငိုရင် ကိုယ်လေ တကယ်ကို မနေတတ်တဲ့သူပါ' ဆိုတဲ့ တနိုင်းခရဲ့ ကဗျာ။ ချစ်တတ်တဲ့ လူသားသုံးဦးအကြားက မေတ္တာဇာတ်လမ်းကို ရင်ခုန်လှိုက်မောစွာ ဖတ်ကြရမယ့် စာအုပ်လေးပါ။