အလွမ်းနဲ့ မျက်နှာသစ်မိတဲ့နေ့မှာ

ဆုလေးနွယ်(ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
အချစ်ဆိုတာ တစ်ခါတလေ အေးမြသလို၊ တစ်ခါတလေကျရင်လည်း အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့ မီးလိုပဲ ပူလောင်ပါတယ်။ တချို့လူတွေက အေးမြတဲ့ အချစ်ထက်၊ ပူလောင်တဲ့အချစ်ကို မေ့ဖျောက်ပစ်ဖို့ ခက်ခဲတတ်ကြပါတယ်။ အဲ့ဒီထဲမှာမှ ငွေလမှုန်မှုန် ဆိုတဲ့ မိန်းကလေးတစ်ယောက် အပါအဝင်ပါပဲ။ ဟုတ်ပါတယ်။ ငွေလမှုန်မှုန်ဟာ သူမကို ပူပြင်းတဲ့ အချစ်တွေပဲပေးခဲ့တဲ့ ဥက္ကာပျံဆိုတဲ့ ကောင်လေးတစ်ယောက်ကို မေ့ဖျောက်ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် မမေ့နိုင်သေးပါဘူး။ အခုချိန် သူမကို အရမ်းဂရုစိုက်ပြီး ချစ်တဲ့ ကိုဒေးဆိုတဲ့ အမျိုးသားနဲ့ ဗိုက်ထဲမှာ ရင်သွေးလေးလွယ်ထားရပြီလေ။ ဒါကြောင့် ဥက္ကာပျံကို မေ့ဖျောက်ပစ်ဖို့ကြိုးစားပေမဲ့ မဖိတ်ခေါ်ပဲလာတဲ့ ဧည့်သည်လို အတွေးထဲ ခဏခဏ ရောက်လာတာတော့ အမှန်ပါပဲ။ ဥက္ကာပျံက ပူလောင်တဲ့ အချစ်တွေပေးခဲ့ပေမဲ့ သူမ ဘာကြောင့်မေ့မရတာလဲ၊ ကိုဒေးကရော သူမကို ဘယ်လောက်အထိချစ်သလဲ ဆိုတာ ငွေလမှုန်မှုန်ဆိုတဲ့ မိန်းကလေးရဲ့အတိတ်ထဲ စာဖတ်ပရိသတ်တို့ ဝင်ရောက်စီးမျောခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။