မင်းအကြည့်တစ်ချက်နဲ့  ပြီးပြည့်စုံ

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
အဖွားဒေါ်နန်းမုံဟာ မိသားစုကြီးရဲ့ ကြီးမားလှတဲ့ ပိုင်ဆိုင်မှုကြီးတွေကို တစ်စုတစ်စည်းတည်း အုပ်စီးမပျက် ရှိနေစေချင်ခဲ့တာပါ။ တကယ်တော့ ဒီမိသားစုကြီးရဲ့ ပိုင်ဆိုင်မှုအလုံးစုံဟာ အဖွားဒေါ်နန်းမုံတို့ရဲ့ ကိုယ်ပိုင်မဟုတ်ဘူးလေ။ တစ်ပါးသူရဲ့ ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်းပေးရင်း၊ တိုးပွားအောင်လုပ်ရင်းနဲ့ သူဌေးဘွဲခံနေရတာပေါ့။ ဒီပိုင်ဆိုင်မှုတွေကို ဝေခြမ်းအမွေခံရမှာက မူလပိုင်ရှင်တွေရဲ့မျိုးဆက် ရှင်လွန်းမယ်။ ရှင်လွန်းမယ်လေးကိုလည်း အဖွားဒေါ်နန်းမုံက ကိုယ့်မြေးလေးအရင်းလိုပဲ ချစ်ရှာပါတယ်။ ဒီတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပေါ့။ ဒီလိုနဲ့ စင်ကာပူမှာနေတဲ့ ရှင်လွန်းမယ်ဟာ အဖွားဒေါ်နန်းမုံရဲ့ ရည်ရွယ်ချက်တွေအတိုင်း မြန်မာနိုင်ငံကို ရောက်ရှိလာရတော့တယ်။ ဒါပေမယ့် ခက်တာက အဖွားဒေါ်နန်းမုံရဲ့ မြေးအရင်း ဖြစ်တဲ့ ဥက္ကာလေ။ ခေတ်လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ဥက္ကာဟာ အဖွားဒေါ်နန်းမုံရဲ့ စီမံမှုကို လက်မခံနိုင်ခဲ့ပါဘူး။ သူ့မှာကလည်း ချစ်ရသူရှိနှင့်ပြီးသားကိုး။ ဥက္ကာရဲ့ ဒီသဘောထားကို မသိရှာပဲ ပြန်ရောက်လာတဲ့ ရှင်လွန်းမယ်လေးတစ်ယောက်ဟာ ကြုံလိုက်ရတဲ့ အခြေအနေ တွေကြောင့် မခံချင်စိတ်တွေက ရုန်းကြွလာခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ ဝေခွဲမရတဲ့ ခံစားချက်တွေနဲ့ပါ။ လူငယ်တွေရဲ့ မာနတရားနဲ့ မခံချင်စိတ်တွေဟာ အဖွားဒေါ်နန်းမုံရဲ့ ရည်ရွယ်ချက်တွေကို ပျက်စီးသွားစေမှာလား။ ရှင်လွန်းမယ်လေးရဲ့ ရင်ထဲက ဝေခွဲမရတဲ့ ခံစားချက်ဟာ ဘာများဖြစ်လာလိမ့်မလဲ … ။