ပန်းချီကားထဲက စပျစ်သီးလေး အကြောင်း

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
ရွှေတွယ်တာဆိုတာ စိတ်ပျော့တတ်၊ အားငယ်တတ်ပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးပါ။ ရွှေအာကာဆိုတဲ့ မောင်လေးတစ်ယောက် ရှိပေမဲ့ ရွှေတွယ်တာဟာ တစ်ဦးတည်းသောသမီးမို့ အကြီးတစ်ယောက်လို မဟုတ်ဘဲ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။ အားနာတတ်၊ ကြောက်တတ်၊ ပျော့ညံ့တတ်တဲ့ ရွှေတွယ်တာအတွက် မိဘတွေက စိတ်မအေးနိုင်ကြဘူး။ ဒါပေမဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ ရွှေတွယ်တာကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြတယ်။ တိုင်ပင်ကြတယ်။ ရွှေတွယ်တာအနေနဲ့ကတော့ ဖြစ်နိုင်ရင် အိမ်ထောင်ရေး ဆိုတာကို ခေါင်းထဲ မထည့်ချင်တော့ဘူး။ နာကျင်စရာ အတိတ်တွေက ရွှေတွယ်တာအတွက် မနေ့တစ်နေ့ကလိုပါပဲ။ ခုထိ အနာမကျက်သေးဘူးလေ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကိုမင်းမိုး ဆိုတဲ့ လူတစ်ယောက် ရွှေတွယ်တာ့ဘဝထဲ ဝင်လာခဲ့တယ်။ မိဘသဘောတူတဲ့ လူတစ်ယောက်ပေါ့။ ဒီအခါမှာ ရွှေတွယ်တာ့ဘဝဟာ ဘယ်လို ပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်ရမလဲဆိုတာ ...။