ခရီးသွားတစ်ယောက်ရဲ့လမင်း

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
မဟုတ်မခံသမား ‘ဒဿန’ အတွက် မိသားစုဟာ အမြဲ စိုးရိမ်ပူပန်နေရတဲ့အထိ သူ့ရဲ့ဘဝဟာ ရှုပ်ထွေးနေပါတယ်။ ဒီလို မဟုတ်မခံစိတ်ကြောင့်ပဲ ချစ်သူဖြစ်တဲ့ ‘ရွှေဖြူ’ နဲ့ ကွဲခဲ့ရတယ်။ ဒီအခြေအနေတွေကြောင့် ဒဿနဟာ တမင်တကာ ရန်လိုနေသူတစ်ယောက်တော့လည်း မဟုတ်ပြန်ပါဘူး။ သူ့ကို လူတွေအပေါ် အကောင်းမမြင်တတ်သူလို့ ထင်ကြပေမဲ့ သူဟာ မတော်မတရားတာတွေ့ရင် ငြိမ်ခံမနေတတ်တဲ့အကျင့်ကြောင့်ပဲ ရန်လိုသူတစ်ယောက်လို ဖြစ်နေရတာပါ။ ချစ်သူနဲ့ကွဲ၊ မိသားစုနဲ့ ပတ်ဝန်းကျင်က ရန်လိုသူတစ်ယောက်အဖြစ် အထင်အမြင်လွဲခံနေရတဲ့ ဒဿနဟာ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူရဲ့ ချောင်းသာဟိုတယ်တစ်ခုဆီ သွားရောက် အပန်းဖြေဖို့ စိတ်ဆုံးဖြတ်လိုက်မိပါတယ်။ ဒဿနအ တွက်တော့ ဝန်းကျင်ဟောင်းကနေ စွန့်ခွာခြင်း ခရီးတစ်ခုပေါ့။ အဲဒီလိုနဲ့ ခရီးသွားတစ်ယောက်ဖြစ်လာခဲ့တဲ့ ဒဿနဟာ မထင် မှတ်ဘဲ သူ့အနာဂတ်ကောင်းကင်ရဲ့ လမင်းတစ်စင်းကို ဆုံတွေ့လိုက်ရတဲ့အခါမှာတော့ … ။ အရမ်းကောင်းတဲ့ ဝတ္ထုဇာတ်လမ်းလေးမို့ အားလုံးကို ဖတ်ကြည့်စေချင်ပါတယ်။