ကျူးပစ်ရဲ့စီးချင်းတိုက်ပွဲ

ဆုဆုလင်းရှိန်(နည်းပညာတက္ကသိုလ်)

အခမဲ့
တိမ်တိုက်၊ မိုးရိပ်၊ ကိုင်းခက် ဆိုတဲ့ ဟိုးငယ်ငယ်ကတည်းက ချစ်ခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက် - တိမ်တိုက်က ကိုင်းခက်ကို ရွေးချယ်ခဲ့တဲ့အခါ ဖြစ်ပေါ်လာသော ပဋိပက္ခ၊ ကိုင်းခက်ရဲ့ မကောင်းတဲ့ အကြောင်းတွေကို သိသွားတော့ တိမ်တိုက်တစ်ယောက် ဂုဏ်သိက္ခာနဲ့ ချစ်သူ ဘာကို ရွေးချယ်မလဲ၊ ကိုင်းခက်ကို တစ်ဖက်သတ် ကြိုက်နေတဲ့ မင်းခေတ်ကရော ကိုင်းခက်ကို ပေးဆပ်ပြီး ချစ်ပါ့မလား၊ ကိုင်းခက်နဲ့ နာမည်ထွက်နေတဲ့ ရုပ်ရှင်မင်းသား မိုးစက်ကရော ကိုင်းခက်နဲ့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ … ဂုဏ်သိက္ခာကို ဘုရားလို ကိုးကွယ်တဲ့ တိမ်တိုက်မိုး ကိုင်းခက်နဲ့ယှဉ်ရင် အမြဲ ရှုံးနိမ့်နေတဲ့ မိုးရိပ်ညို ပေးဆပ်ချစ်နဲ့ ချစ်တတ်ပြီး ကာကွယ်ပေးတတ်တဲ့ မင်းခေတ်ညီ အချစ်ကို အေးချမ်းမှုတွေနဲ့သာ ဖြတ်သန်းချင်တဲ့ ကိုင်းခက်ဝေ ငယ်ငယ်ကတည်းက ပျောက်ဆုံးနေတဲ့ သံယောဇဉ်ကြိုးကို ရှာဖွေနေတဲ့ မိုးစက်ကို * * * * * > သူတို့တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အလွမ်း၊ အချစ်၊ ထိတ်လန့်စရာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဆရာမလေး ဆုဆုလင်းရှိန်ရဲ့ ပွဲဦးထွက် လုံးချင်းဝတ္ထုလက်ရာ <