မြန်မာဆေးကျမ်း

ဆရာချင်း

600 Kyats ကျပ်
နိုင်ငံတကာမှာ သူ့နည်းသူ့ဟန်နဲ့ တိုင်းရင်းဆေးပညာ အတတ်တွေ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ဆင်းရဲချမ်းသာ၊ ဇာတ်အနိမ့်အမြင့်၊ အသားအရောင်၊ ဘာသာတရား ဘယ်လိုမတူပါစေ၊ ကျန်းမာရေး ဆိုတာက အရေးကြီးတဲ့ ကိစ္စမှန်း သိကြလို့ပါပဲ။ ဒါကြောင့် ‘အာရောဂျံ ပရမံ လာဘံ’ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးဟာ လာဘ်တစ်ပါး ဖြစ်တာမို့ မကျန်းမာတဲ့အခါ၊ အနာရောဂါ ဖြစ်ပွားတဲ့အခါ၊ ကုသနည်းတွေကို ရှေးဦးပညာရှင်တွေက ရှာဖွေပြီး ကုသခဲ့ကြပါတယ်။ ဒီပညာရပ်ကို ဆေးပညာလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ မြန်မာဆေးပညာဟာလည်း သူ့နည်းသူ့ဟန် သူ့အစွမ်းနဲ့ ရောဂါတွေကို ခေတ်အဆက်ဆက် ကုသပေးနိုင်ခဲ့တာ အားလုံး အသိပါပဲ။ ဘယဆေးဆိုတာ ဘာလဲ။ သစ်ပင်ရဲ့ သစ်မြစ်၊ သစ်ဥ၊ သစ်ခေါက်၊ သစ်ပွင့်၊ သစ်သီး၊ စတာတွေကို ရှေးဦး မြန်မာဆေးပညာရှင်တွေက ဘယဆေးလို့ ခေါ်ကြပါတယ်။ ဘယဆေးကို မဟာဘုတ်ဆေးလို့လည်း ခေါ်သလို၊ ပဉ္စဘုတ်ဆေးလို့လည်း ခေါ်သလို၊ မဟာဘုတ်ငါးပါးရဲ့ အပေါင်းအစုဖြစ်လို့ ပိဏ္ဍောဆေးလို့လည်း ခေါ်ကြပါတယ်။ ကာလရွေ့လျားတဲ့အခါမှာတော့ ဗိန္ဓောဆေးလို့ ပြောင်းလဲခေါ်လာကြပါတယ်။ ဒီလို သစ်ပင်ရဲ့ ပဉ္စငါးပါးကနေ ဖော်ထုတ်စီရင်တဲ့ မြန်မာဆေးပညာရဲ့ အတတ်၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ထားတဲ့ ဆေးကျမ်းတစ်စောင်ကို မြည်းစမ်းကြည့်ရအောင်လား ခင်ဗျ။