၂၁ ရာစု သုဓနု

ဆက်မင်းနောင်(ရူပ)

500 Kyats ကျပ်
စိမ့်စမ်းရေ ဆိုတဲ့ မိန်းကလေးရဲ့ အတိတ်ဘဝက ထူးခြားမှု ရှိနေတယ်။ စာချစ်သူတို့လည်း သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ ချစ်ပုံပြင်လေးကို ကြားဖူးကြမှာပေါ့။ အဲဒီဒဏ္ဍာရီထဲမှာ ပါတဲ့ ပုန်းတလုတ်ရေကန်ကြီးရဲ့ အောက်ခြေက နဂါးတိုင်းပြည်မှာ နဂါးမင်းကြီးရဲ့ သမီးတော် ဖြစ်ခဲ့တယ်တဲ့။ ဒွေးမယ်နော်ကို ဖမ်းဖို့ နဂါးပတ်ကျော့ကွင်းလာငှားတဲ့ သုဓနုမင်းသားနဲ့ နဂါးမလေးဟာ မထင်မှတ်ပဲ ချစ်ကြိုးသွယ်ခဲ့မိတယ်။ နဂါးမင်းကလည်း သူ့အသက်သခင်ကျေးဇူးရှင်မို့ သုဓနုကို သမီးတော်နဲ့ သဘောတူခဲ့တယ်။ ဒါပေမဲ့ သုဓနုမင်းသား နဂါးပတ်ကျော့ကွင်း ပြန်လာပေးတဲ့အချိန်မှာ ဒွေးမယ်နော်ပါ အတူပါလာခဲ့တော့ နဂါးမလေးခမျာ ရည်းစားလူလု အူနုကျွဲခတ် အသဲပျက်မတတ် ခံစားရပါတော့တယ်။ ဒီလို ဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေတဲ့ စိမ့်စမ်းရေဆိုတဲ့ မိန်းမချောလေးရဲ့ ဖြစ်ရပ်တွေက လက်ရှိခေတ် တက္ကသိုလ်ကျောင်းက လူငယ်တွေရဲ့ ရင်ခုန်သံတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ …