ကောင်းကင်မဲ့ ငှက်ကလေး

ဆက်မင်းနောင်(ရူပ)

300 Kyats ကျပ်
စာဖတ်သူတွေရင်ထဲ ထိခိုက်ခံစားရမယ့် ကြေကွဲဆို့နင့်စရာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဝထဲက ဘဝတွေကို တသသ ဖတ်ကြရမယ့် ဘဝသရုပ်ဖော် ဝတ္ထုလေးတစ်ပုဒ်။ တစ်ခါတလေတော့ တချို့ဘဝတွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုကြမ်းတမ်းခက်ထန်တတ်တယ် မဟုတ်ပါလားခင်ဗျာ။ အတိတ်ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက လက်ရှိဘဝကို အကျိုးသက်ရောက်စေမယ်ဆိုရင် လောကဓံရှစ်ပါးရဲ့ တိုက်ခိုက်မှုတွေဟာ ကံဆိုးမှုလို့ပဲ ဆိုနိုင်မှာပေါ့နော်။ တစ်ခါက ဇနီးမောင်နှံနှစ်ယောက်မှာ သားဦးလေးရယ်၊ နောက်ထပ်မွေးလာမယ့် ဗိုက်ထဲက ကလေးလေးရယ်နဲ့ ပျော်စရာမိသားစုလေးအဖြစ် လောကထဲ ရှိခဲ့ကြပါတယ်။ ခင်ပွန်းသည်က ဇနီးကို သိပ်ချစ်သလို ဇနီးသည်ကလည်း ခင်ပွန်းကို သိပ်ချစ်သတဲ့။ ဒါပေမဲ့ ကံတရားက သူတို့ဇနီးမောင်နှံကို မချစ်ခဲ့ပါဘူး။ ဒုတိယရင်သွေးလေးကို မွေးခါနီးမှာ ဇနီးနဲ့ ကလေး ဘာကို ရွေးမလဲဆိုတဲ့ ဆုံးဖြတ်ချက်က သူ့အတွက် ခက်ခဲလွန်းစေခဲ့ပါတယ်။ ဒါပေမဲ့ သူ နောက်ဆုံးမှာ ကလေးကို ရွေးခဲ့တယ်။ ဇနီးသည်ကတော့ မီးတွင်းမှာပဲ ဆုံးသွားခဲ့တယ်။ လောကမှာ ကလေးနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ အမျိုးသားဟာ သူ့ဇနီးကို သူ သတ်မိသလို ခံစားရတဲ့အတွက် အရက်ကို အဖော်ပြုပြီး လက်ကျန်ဘဝကို ဖြတ်သန်းခဲ့တယ်။ တစ်ညမှာ အရက်မူးမူးနဲ့ ရထားအကြိတ်ခံရပြီး သူ သေဆုံးသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ လူမမည်သားသမီးနှစ်ယောက်ရဲ့ ဘဝဟာ …