သင် ကံကောင်းပါစေ

ဆက်မင်းနောင်(ရူပ)

200 Kyats ကျပ်
အနောက်တိုင်းအစီအရင် သရဲပွဲတော်ရဲ့ ချောက်ချားစရာတွေကို အခြေခံ ရေးသားထားတဲ့ ပရလောက သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင် မင်းဝသုန်နဲ့ ရတုတို့က သိပ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ရုပ်ချင်းလည်း ခပ်ဆင်ဆင်မို့ မသိသူတွေက မောင်နှမတွေလို့တောင် ထင်ကြရသူတွေ။ ဒါပေမဲ့ မတူညီတာက ကံတရားပါပဲ။ ရတုက အမြဲတမ်း ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပေမဲ့ မင်းဝသုန်ကတော့ ကံဆိုးခြင်းနဲ့ စာချုပ်ချုပ်ထားသူလို ဘဝမှာ အမြဲတမ်း ကံဆိုးနေတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ တစ်နေ့တော့ ကံဆိုးခြင်းတွေကို စိတ်ပျက်နေတဲ့ မင်းဝသုန်ဟာ အဆက်အသွယ်တစ်ခု ရပြီး အောက်လမ်းဆရာတစ်ယောက်ဆီ ရောက်သွားခဲ့တယ်။ ကံဆိုးခြင်းတွေ ပြေပျောက်ပြီး ကံကောင်းခြင်းတွေ ရောက်လာဖို့ အန္တရာယ်များတဲ့ အစီအရင်တစ်ခု ပြုလုပ်ဖို့ စီမံပေးခဲ့တယ်။ ဒီအစီအရင်ကို ယုံယုံကြည်ကြည် လုပ်ခဲ့တဲ့ မင်းဝသုန်တစ်ယောက် ကံကောင်းခြင်းတွေကို ရရှိခဲ့မလား၊ ဒါမှမဟုတ် ကံဆိုးသထက် ဆိုးလေမလား ဆိုတာက …