ရထားနံပါတ် ၃၃၈

ဆက်မင်းနောင်(ရူပ)

300 Kyats ကျပ်
နှစ်တစ်နှစ်ရဲ့ နိုဝင်ဘာလ (၂၇) ရက်နေ့၊ ည (၇) နာရီ၊ မိနစ် (၂၀) အချိန်တိုင်းမှာ၊ အဲဒီ ဘူတာလေးဆီ ရထားတစ်စီး ဆိုက်လာလေ့ရှိတယ်။ အဲဒီဘူတာရဲ့ ပုံမှန် ရထားဆိုက်ချိန်က ည (၇) နာရီခွဲ။ (၇း၂၀) အချိန်မှာ ရထားလာလေ့မရှိဘူး။ (၇း၂၀) ရထားဆိုက်လာတဲ့အခါ ခရီးသည်တွေက (၇း၃၀) ရထားအထင်နဲ့ အဲဒီရထားပေါ် တက်သွားကြတယ်။ ရထားနံပါတ်က (၃၃၈) တဲ့။ မေဂျာတူ၊ အတန်းတူ၊ သူငယ်ချင်းငါးယောက်ရှိတယ်။ သူတို့ငါးယောက်က ပထမနှစ်ကတည်းက ပေါင်းလာခဲ့ကြတာ ကျောင်းပြီးတဲ့အထိ။ နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတဲ့အခါ သူတို့သူငယ်ချင်းငါးယောက် အတူတူ ခရီးထွက်ဖို့ တိုင်ပင်ကြတယ်။ ခရီးစဉ်ကိုလည်း ရထားနဲ့ သွားဖို့ကိုပဲ ဆုံးဖြတ်လိုက်ကြတယ်။ ခရီးထွက်မယ့် ညမှာ ရထားစီးရမယ့် ဘူတာရုံလေးဆီ သူတို့ ရောက်လာကြတယ်။ သူတို့ လက်မှတ်ဝယ်ထားတဲ့ ရထားက (၇း၃၀) အချိန် ရထား။ ဖြစ်ချင်တော့ ရထားက (၇း၂၀) အချိန် စောရောက်လာခဲ့တယ်။ အမှတ် (၃၃၈) ရထားပေါ် သူတို့ သူငယ်ချင်းငါးယောက် တက်ခဲ့ကြတဲ့နောက်မှာတော့ ... ။