ဒီပရက်ရှင်

ဆက်မင်းနောင်(ရူပ)

200 Kyats ကျပ်
ချောက်ချားရင်တုန်စရာ ကောင်းတဲ့ သရဲဇာတ်လမ်းမျိုး ဖတ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ရွေးလိုက်ဖို့ အရင်တိုက်တွန်းရမှာပါ။ ကြမ်းတာတော့ တော်တော်ကြမ်းတယ်။ တော်ရုံ အသည်းငယ်သူဆိုရင် ဒီဇာတ်လမ်းကို ဖတ်ရင်း ကြက်သီးဖြန်းခနဲ ထမယ်ထင်တယ်။ အိမ်ငှားနေတဲ့ လင်မယားနှစ်ယောက်။ ညညဆို နာနာကျင်ကျင် ညည်းညူသံကြီးကို ကြားရတဲ့အပြင် နောက်ပိုင်းမှာ အကောင်အထည်ပါ ပြလာတဲ့ သရဲမနဲ့ ထိပ်တိုက်တိုးတဲ့အခါ ဘယ်လောက်သွေးပျက်ကြမလဲ။ ငှားနေတဲ့အိမ်ရဲ့ ရေချိုးခန်းထဲမှာ သွေးအလူးလူး၊ ဆံပင်စုတ်ဖွားနဲ့ ကလေးချီထားတဲ့ သရဲမကြီးက မျက်လုံးကြီးလှန်ပြီး ကြည့်လိုက်တဲ့အခါ မြင်ရသူအတွက် ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိမ့်မလဲနော်။ အဲဒီ သရဲမမှာ နောက်ခံဇာတ်လမ်းလည်း ရှိသတဲ့။ သနားစရာ အဖြစ်အပျက်တွေနဲ့အတူ စွဲလမ်းမှုကြောင့် မကျွတ်မလွတ် ဖြစ်နေရတဲ့ သရဲမကြီးအကြောင်း ဖတ်ကြည့်လိုက်ပါ မိတ်ဆွေ။