ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ...

စံပယ်ဖြူနု

800 Kyats ကျပ်
ဒီစာအုပ်ဟာ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ဝတ္ထုရှည်ခရီးမှာ တတိယမြောက် ခြေလှမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီဝတ္ထုကို မဖတ်ခင် စာရေးသူဟာ မျက်ရည်ခိုင်ရဲ့လား၊ ဘယ်ဘက်ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ နင့်ခနဲ ဝေဒနာကို ခံနိုင်ရည် ရှိရဲ့လား၊ ဒါတွေကို တွေးပြီးမှ ဖတ်သင့်ပါတယ်။ မေတ္တာပါတဲ့ချစ်ခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ တပ်မက်ခြင်းတွေနဲ့ ပူလောင်မနေဘဲ သိပ်အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ စာဖတ်သူရဲ့ စိတ်ဟာ ဟိုး … အဝေးတစ်နေရာဆီကို လွင့်မျောသွားလိမ့်မယ်။ နှလုံးသားထဲက နွေးနွေးထွေးထွေး ဖြစ်လာမှုကို ခံစားရလိမ့်မယ်။ စာရေးသူကိုယ်တိုင် နှလုံးသားနဲ့ ခံစားပြီး ရေးဖွဲ့ထားတာမို့ ဆရာမ စံပယ်ဖြူနုရဲ့ စာချစ်ပရိသတ်တွေ ဒီဝတ္ထုကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။