၁၅မိနစ် ဟင်းလျာများ

စားဖိုမှူးကြီးဦးယိန်လျံ

600 Kyats ကျပ်
‘အစားအသောက်ဆိုတာ လူနဲ့ တည့်တယ်’ ဆိုတဲ့ စကားရှိပါတယ်။ လူတိုင်းဟာ အစားအသောက်ကောင်းတွေကို မက်မောကြတယ်။ နှစ်သက်ကြတယ်။ ခံတွင်းတွေ့သွားရင် အဲဒီအစားအစာကို ခဏခဏ စားကြတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံ (၅) ပါးမှာ ရသာရုံ ဆိုတဲ့ အစားအသောက် အရသာ၊ လျှာအရသာခံတတ်တဲ့ အာရုံခံစားမှု ရှိနေတာကိုးနော်။ ဒါကြောင့်လည်း လမ်းဘေးဝက်သားတုတ်ထိုးဆိုင်ကအစ၊ ကြယ်ငါးပွင့်ဟိုတယ်ပေါ်က စားသောက်ခန်းအထိ နေ့တိုင်း လူပြည့်နေတာပေါ့။ ဒီတော့ အစားအသောက်ကြိုက်တဲ့ မိတ်ဆွေတို့အတွက် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဟင်းလျာချက်ပြုတ်နည်း စာအုပ်လေးကို မိတ်ဆက်ပေးချင်ပါတယ်နော်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဟင်းလျာတွေကတော့ ဥရောပအစားအစာတွေ အဓိက ဖြစ်ပါတယ်။ အကင်ကင်တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေမရှိဘဲ ဘယ်လိုကင်မလဲဆိုတာတွေ၊ အစားအသောက် ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ ခက်ခဲတဲ့ ပါဝင်ပစ္စည်းတွေ များများစားစားမဟုတ်ဘဲ အရသာရှိအောင် ချက်ပြုတ်နည်းတွေကို သရုပ်ဖော်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ စာအုပ်ဖတ်ရင်း ဥရောပ ဟင်းလျာချက်ပြုတ်နည်းတွေကို လေ့လာကြရအောင်နော်။