စကားမပြောနဲ့တဲ့ မောင်

စမ်းစမ်းနွဲ့(သာယာဝတီ)

900 Kyats ကျပ်
ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ 'စကားမပြောနဲ့တဲ့' ဝတ္ထုလတ်၊ ဆရာလေးကိုတင်ရဲ့ 'စကားတစ်ခွန်းတော့ ပြောမယ်မောင်' ဝတ္ထုလတ်၊ ဒီနှစ်ပုဒ်ကို တွဲဖက်ပေါင်းစပ်လို့ စာအုပ်အမည်ကို 'စကားမပြောနဲ့တဲ့ မောင်' လို့ အမည်ပေးပြီး ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ (၁၉၈၀) ဝန်းကျင်ကာလက အုံနဲ့ကျင်းနဲ့ အင်နဲ့အားနဲ့ ခေတ်စားခဲ့တဲ့ စာပေလောကရဲ့ စုန်းပြူးတစ်ဖြစ်လည်း ရှဲဒိုးစာရေးဆရာလောကအကြောင်းကို ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က ရေးသားခြယ်မှုန်းထားတာဖြစ်ပြီး ဆရာလေးကိုတင်ကတော့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ ကံ့ကော်ရိပ်နဲ့ အဓိပတိလမ်းက ချစ်ပုံပြင်ကို နိုင်ငံရေးအခင်းအကျင်းနောက်ခံနဲ့ အချစ်ဝတ္ထုလှလှလေးအဖြစ် ယှက်ဖွဲ့ရေးသားထားပါတယ်။