သွေး

ဂျာနယ်ကျော်မမလေး

1000 Kyats ကျပ်
ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ဂန္ထဝင်မြောက် နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ 'သွေး' ...။ ဒီဝတ္ထုထဲမှာ ဆရာမကြီး ဂျာနယ်ကျော်မမလေးက စစ်ပြီးခေတ်ကာလ အဖေတူ မအေကွဲ မောင်နှမနှစ်ယောက်ရဲ့ သံယောဇဉ်ကို စာဖတ်သူရဲ့ စိတ်အာရုံနဲ့ နှလုံးအိမ်တို့မှာ အထင်းသား ပေါ်လွင်လာအောင် ရေးဖွဲ့ထားတယ်။ (၂၀၀၃) ခုနှစ်မှာ၊ ဂျပန်ဒါရိုက်တာတစ်ဦးက ရုပ်ရှင်အဖြစ် အထူးတလည် ရိုက်ကူးဖန်တီးခဲ့ရတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဂျပန်ပြည်မှာ မြန်မာစာအဓိကယူ လေ့လာခဲ့တဲ့ ‘ယုမိစံ’ ဟာ ဂျပန်ခေတ်က မြန်မာနိုင်ငံကို ရောက်ပြီး မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့သူ၊ သူ့ဖေဖေရဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ မောင်လေးတစ်ယောက်ရှိတယ်ဆိုတဲ့ အသိနဲ့အတူ သူမရဲ့ သွေးသားရင်းချာကို ရှာပုံတော်ဖွင့်တဲ့ ဇာတ်လမ်းပဲ ဖြစ်တယ်။ ယုံကြည်ချက်နဲ့ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ရင်း မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်၊ ယုမိစံရဲ့ သံယောဇဉ်ကြိုးဖြစ်တဲ့ မောင်လေးကို တွေ့ဆုံဖို့ ကြိုးပမ်းတဲ့ အဖြစ်အပျက်တွေဟာ စာဖတ်သူရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းသွားပါလိမ့်မယ်။ ပြီးတော့ မိုင်ထောင်ချီတဲ့ အကွာအဝေးကို ချုံ့ပစ်နိုင်တဲ့ ချစ်ခြင်းမေတ္တာရဲ့ အစွမ်းသတ္တိကို စာဖတ်သူတို့ နင့်နင့်နဲနဲ ခံစားမိပါလိမ့်မယ်။ ရှုမဝမဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့ပြီး နောင်အခါ စာအုပ်အဖြစ် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေး ဂန္ထဝင်ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။