နောက်ကြည့်မှန်ထဲက မျက်နှာ

ဂါဦးနွန်းကို

400 Kyats ကျပ်
ကိုမြင့်ရွှေ ဆိုတဲ့ အငှားယာဉ်မောင်းတစ်ယောက်၊ ညကြီးအချိန်မတော် ကားဆွဲရာက လှည်းကူးဘက်ကို ခရီးသည်ရလို့ လိုက်ပို့တဲ့အချိန်၊ လမ်းခရီးအကြား နောက်ကြည့်မှန်ကနေ ကြည့်လိုက်တဲ့အခါ စောစောက ကားငှားလာတဲ့ ပိန်ညှက်ညှက် ခရီးသည် ယောက်ျားနှစ်ယောက် နေရာမှာ ၀ဖိုင့်ဖိုင့် မိန်းမကြီးနှစ်ဦးကို မြင်လိုက်ရပါတယ်။ စိတ်တင်းပြီး လိုရာခရီးကို ဆက်လက်မောင်းနှင်ခဲ့ပေမဲ့ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တဲ့အခါ မြင်ရတာက မိန်းမ၀၀နှစ်ယောက်၊ မသိမသာ စောင်းငဲ့ကြည့်တဲ့အခါ အပြင်မှာ မြင်ရတာက ပိန်လှီလှီ ယောက်ျားနှစ်ယောက်၊ သုံးကြိမ်သုံးခါမြောက် ကြည့်မိပြီးတဲ့အခါမှာတော့ ကိုမြင့်ရွှေတစ်ယောက် ရဲစခန်းထဲ သုတ်ခြေတင် ဆင်းပြေးခဲ့ပါတော့တယ်။ ကိုမြင့်ဆွေ မြင်ခဲ့ရတာ လူလား၊ ကျတ်တစ္ဆေလား၊ ပရလောကသား ပုဂ္ဂိုလ်တွေလား၊ ဒါမှမဟုတ် … ဘာတွေများလဲ။ ဒီပုဂ္ဂိုလ်တွေဟာ လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေတဲ့အခါ … စိတ်ဝင်စားစရာ ပရလောကနဲ့ မှုခင်းဆိုင်ရာ သည်းထိတ်ရင်ဖို ၀တ္ထုတိုတွေကို စုစည်းထားတဲ့ ဂါဦးနွန်းကိုရဲ့ နောက်ကြည့်မှန်ထဲက မျက်နှာ အပါအ၀င် ပြစ်မှုသည်းဖို ၀တ္ထုတိုများ စာအုပ်လေးကတော့ စာချစ်သူတွေအတွက် အသည်းတထိတ်ထိတ် ရင်တမမ ဖတ်ရှုကြရမယ့် စာအုပ်လေး ဖြစ်ပါတယ်။